Spots news

ပေါ့ဘာကို ဈေးချိုချို နဲ့ ရမလား စုံစမ်းနေတဲ့ ဂျူဗင်တပ်

Unicode Version

ဂျူဗင်တပ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူရန် တာဝန်ရှိသူ များနှင့် ယူနိုက်တက် အမှုဆောင်ချုပ် အက်ဝုဒ် တို့ ဆွေးနွေးခွင့် ရရန် ကြိုးစားနေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ စာချုပ် သက်တမ်း ဟာ ၂၀၂၂ ခုနှစ်အထိ ဖြစ်ပြီး စာချုပ် သက်တမ်းတိုး ရေး အတွက်လဲ ဆွေးနွေးမှု မရှိတာကြောင့် ဂျူဗင်တပ် အသင်းဟာ ပေါ့ဘာကို ဈေးချိုချို ဖြင့် ခေါ်ယူနိုင်ရန် မျှော် လင့်လျက် ရှိနေ ပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာ နဲ့ ဂျူဗင်တပ် အသင်းတို့ဟာ ဆက်ဆံရေး ကောင်းများ ရှိပြီး ပေါ့ဘာကို ဂျူဗင်တပ် သို့ပြောင်း ရွေ့ စေရန် ရွိုင်အိုလာက ကြိုးပမ်းဖွယ် ရှိနေပါတယ်။

ရွိုင်အိုလာ ဟာ ရက်အနည်း ငယ် အကြာက ပေါ့ဘာ နဲ့ ယူနိုက်တက်တို့ ဇာတ်လမ်း ပြီးဆုံးပြီ ဟု အင်တာဗျူး တစ်ခုမှာလဲ ဖြေကြား ခဲ့ ပါသေးတယ်။

ပေါ့ဘာ ကတော့ မန်ယူ နိုက်တက် နဲ့ ချန်ပီယံ ဆုအတွက် အာရုံစိုက် နေကြောင်း ပြောဆိုထားပြီး အတွင်းရေး ကိစ္စများကို အမှန်တကယ် မသိရှိလျှင် ဝေဖန်မှု မပြုလုပ် သင့်ကြောင်း ပြောဆိုထားပါတယ်။

ယူနိုက်တက် အနေနဲ့ ခြေစွမ်းပြနေတဲ့ ပေါ့ဘာကို စာချုပ်သက်တမ်း တိုးနိုင်ခြင်း မရှိပါက အောက်ဈေးဖြင့် ရောင်းချရဖွယ် ရှိနေကြောင်း ကျွမ်းကျင် သူများက သုံးသပ်ကျ ပါတယ်။

ဒီအခွင့် အရေးကို အရယူဖို့ ဂျူဗင်ဟာ ကြိုးစားလာနိုင်ပြီး ရမ်ဆေး ၊ဒေါက်ကလပ် ကော်စတာ ၊ ရာဘီယော့ ၊ ပီဂျာနစ် တို့ဖြင့် အလဲအထပ် သဘော ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ပေါ့ဘာရဲ့ လက်ရှိတန်ကြေးဟာ ပေါင် ‌၇၅ သန်း ခန့် ရှိနိုင်ပြီး ပီအက်စ်ဂျီ အသင်းကလဲ ပေါ့ဘာကို ခေါ်ယူ ရန် ကြိုးပမ်းလျက် ရှိနေပါတယ်။