Spots news

လီဗာပူးကို သရေသာ ရရှိခဲ့လို့စိတ်ပျက်မိတယ် ဆိုတဲ့ ပွဲစဉ်ရဲ့အကောင်းဆုံးဆုရ လုရှော

Unicode Version

မန်ချက် စတာ ယူနိုက်တက် နောက်ခံ လူ လုရှော က တော့ လီဗာပူး အသင်း နဲ့ သရေ ကျ ခဲ့တဲ့ အတွက် စိတ်ပျက် မိ ကြောင်း ပွဲပြီး အင်တာဗျုး မှာ ပြောဆို သွား ခဲ့ ပါတယ်။

လုရှော ဟာ လီဗာပူး တိုက်စစ် ဖြစ်တဲ့ ဆာလတ် ၊ မာနေး တို့ ကို အကောင်းဆုံး ထိန်းချုပ် ပြ သွား ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ ပါတယ်။

ပရီးမီးယား လိဂ်ရဲ့ တိုက်စစ် အကောင်းဆုံး အသင်း နှစ်သင်း ရင်ဆိုင် တွေ့ခဲ့တဲ့ အဂ်လန် ဒါဘီ ပွဲစဉ် မှာ အပြန်အလှန် သွင်းဂိုး တွေ နဲ့ သူနိုင်ကိုယ်နိုင် ကြဲကျ မယ်လို့ မျှော်လင့် ခဲ့ ပေမယ့် မန်ချက် စတာ ယူနိုက်တက် ရဲ့

ခံစစ် ကစားပုံ ကောင်းမွန်မှု လီဗာပူး ရဲ့အလီဆန် လက်စွမ်း ပြမှု တို့ ကြောင့် ဂိုးမရှိ သရေကျ ခဲ့ပြီး ကလော့ပ် နဲ့ ဆိုးလ်ရှား တို့ဟာ တယောက်ကို သရေ တမှတ်စီသာ ခွဲဝေယူ ခဲ့ကြ ရပါတယ်။

ပွဲစဉ် ရဲ့ အကောင်းဆုံး ကစား သမား ဆုရ မန်ယူနိုက် တက် နောက်ခံ လူ လုရှော ကတော့ လီဗာပူးကို သရေ ရလဒ် သာ ရရှိ ခဲ့ လို့ သူ အပါ အဝင် တစ်သင်း လုံး စိတ်ပျက် နေကြောင်း ပြောကြား လိုက် ပါတယ်။

“ ပွဲအစ ပိုင်းမှာ ကျွန်တော် တို့ အထ နှေး ခဲ့ ပေမယ့် အကောင်းဆုံး ကစားနိုင် ခဲ့တယ်။ အပိုင် အခွင့် အရေး နှစ်ကြိမ် ရခဲ့ ပေမယ့် ဂိုးအဖြစ် မပြောင်း လဲ နိုင်ခဲ့ လို့ စိတ် ပျက် မိပါတယ်။

ကျွန်တော် တို့ တစ်သင်း လုံး အဝတ် လဲ ခန်းထဲမှာ စိတ်ပျက် လက်ပျက် ဖြစ်နေ ကြ ပါတယ်။ ကျွန်တော်တို့ က သရေ လိုချင် တာ မဟုတ်ဘူးလေ။

အန်ဖီးလ် မှာ အနိုင် လိုချင် တာပါ။ ဒါပေမယ့် ဒါက ဘောလုံး ပါ ။ ဘာမဆို ဖြစ်နိုင် ပါတယ်။ သုံးမှတ် အပြည့် မရ ပေမယ့် သရေ တစ်မှတ် နဲ့လဲ ကျေနပ် ရမှာ ပေါ့။

ကျွန်တော့် ရဲ့ စွမ်းဆောင်ရည် အတွက် ကျေနပ် ပါတယ် ။ ကျွန်တော်တို့ Clean Sheet ရယူ နိုင်ခဲ့တယ် ” ဟု ပွဲ အပြီး အင်တာ ဗျူး မှာ ဖြေ ကြား သွားပါတယ်။

Zawgyi Version








