Spots news

ဟယ်ရီဝင့်စ် အတွက် ဗလန်စီယာ အသင်းရဲ့ ဒုတိယ အကြိမ်ကမ်းလှမ်းမှု

Unicode Version

လာလီဂါ ကလပ် အသင်း ဖြစ်တဲ့ ဗလန်စီယာ အသင်း ဟာ အသင်း မှာ ပုံမှန် ပွဲထွက် ခွင့် ပျောက်ဆုံး နေတဲ့

စပါး အသင်း ကွင်းလယ်ကစား သမား ဟယ်ရီဝင့် ကို အငှားဖြင့် ခေါ်ယူရန် ကမ်းလှမ်း မှု ဒုတိယ အကြိမ် ပြုလုပ် သွားဖွယ် ရှိနေပါတယ်။

ဗလန်စီယာ အသင်း ဟာ ဝင့်စ်ကို ခေါ်ယူရေး ပထမ တစ်ကြိမ် ကြိုးပမ်းရာ အောင်မြင် မှု မရရှိ ခဲ့ သောကြောင့် ဒုတိယ အကြိမ် အငှားဖြင့် ခေါ်ယူရေး အတွက် ပြန်လည် ကြိုးပမ်း လာတာပါ။

ဗလန်စီယာ အသင်းက ဟယ်ရီဝင့်စ် အတွက် လုပ်ခ လစာများကို အငှားခေါ်ယူ စဉ်ကာလ အတွင်း ပေးချေ သွားမည်ဟု ကမ်းလှမ်းသော် လည်း စပါးအသင်းက အငှားစာချုပ် အတွက် အသားတင် ငွေကြေး အလိုရှိ နေတာပဲ ဖြစ်ပါတယ်။

အငှား စာချုပ် ပြည့် မြောက်လျှင် ကစားသမားကို ဗလန်စီယာ အသင်းထံ အပြီးသတ် ရောင်းချရေး နှင့် ပတ်သက်ပြီး အငှား စာချုပ် တွင်ထည့်သွင်း ရေး ကိုလည်း စပါး အသင်းက သဘော တူညီခြင်း မရှိခဲ့ ပါဘူး။

စပါး နည်းပြ မော်ရင်ဟို ကတော့ ဗလန်စီယာ အနေ နဲ့ ဟယ်ရီဝင့်စ်ကို အငှား ရရှိရန် မျှော်လင့်ချက် ထား မနေသင့် ကြောင်း ပြောဆိုခဲ့ပြီး ဟယ်ရီဝင့်စ် ရဲ့ ပွဲထွက်ခွင့် နဲ့ ပတ်သက်ပြီး ဆွေးနွေး လျက် ရှိကြောင်း ပြောဆိုခဲ့ ပါတယ်။

လက်ရှိ အချိန်မှာ စပါး အသင်း ကွင်းလယ် တွင် ဟော်ဘီယာ ၊ အန်နွန် ဘယ်လီနှင့် လိုဆယ်ဆို တို့သာ ပုံမှန် ပွဲထွက် ကစား ခွင့် ရရှိ နေတာ ဖြစ်ပါတယ်။

ဟယ်ရီ ဝင့်စ် ဟာ လာမည့် နွေရာသီ ယူရို 2021 တွင် အင်္ဂလန် အသင်း အတွက် ရွေးချယ် ခံရရန် ပွဲ ထွက် ခွင့် ပိုမို အလိုရှိနေတာ ဖြစ်ပြီး

လက်ရှိအချိန် ၌ နေရာ ရခြင်း မရှိဘဲ ယခုနှစ် ပရီးမီးယားလိဂ် ရာသီတွင် 7 ကြိမ်သာ ပါဝင် ကစားထားရ ပါ သေးတယ်။

Zawgyi Version








