Unicode Version
အန်ဖီးလ် မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ သရေ ကျခဲ့ပြီး လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် ဂိုးပေါက် ပျောက်ဆုံး ခဲ့ရ ပါတယ်။
လက်ရှိ ချန်ပီယံ ဟာ ပရီးမီးယား လိဂ် အဆင့်လေး နေရာ သို့ ဆင်းပေး လိုက်ရပြီ ဖြစ်ပြီး ချန်ပီယံ ဆုကို ဆက်လက် ထိန်းသိမ်းဖို့ ပြင်ဆင်ရမယ့် အချိန်ကျ ရောက်လို့ နေပါတယ်။
လီဗာပူး မန်နေဂျာ ယာဂန် ကလော့ပ် ကတော့ ပရီးမီးယား လိဂ် ချန်ပီယံဆု ထက် ထိပ်ဆုံး လေးသင်း စာရင်း ဝင်ရန် အဓိက ထားရမည်ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။
“ ချန်ပီယံလိဂ် ကို ဝင်ခွင့်ရ ဖို့ လိုအပ် တယ်ဆိုတာ မေ့မထား သင့်ဘူး ။ ဒီနှစ် ဘောလုံး ရာသီရဲ့ ပြိုင်ဆိုင်မှု က ချန်ပီယံ ဆုထက် ထိပ်ဆုံးလေးသင်း စာရင်းဝင် ဖို့တောင် ခက်ခဲ နေတယ် ဆိုတာ အားလုံး အမြင်ပါ။
“အသင်း တိုင်းက ကျွန်တော် တို့ကို အနိုင်ရ ချင်နေ ပါတယ်။ ကျွန်တော့် ရဲ့မန်နေဂျာ ဘဝ အတွေ့ အကြုံ အရ ခက်ခဲတဲ့ အချိန်တွေ ရှိမယ် ဆိုတာသိ ပါတယ်။ ကျွန်တော် တို့ စိတ်ရှည်ဖို့ လိုပါတယ်”ဟု ကလော့ပ်က ပြောဆိုခဲ့ ပါတယ်။
လီဗာပူး ရဲ့ အဓိက ပြသနာ ကတော့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲ တစ်ခု အဖြစ် သတ်မှတ်ခံ ထားရ တဲ့ ဆာလတ် မာနေး ဖာမီနို တို့ ရဲ့ ထက်မြက်မှု ပျောက်ဆုံး နေမှု ဖြစ်ကာ အခု ဆိုရင် လိဂ် ပွဲစဉ် ၄ ပွဲမှာ လီဗာပူး တို့ သွင်းဂိုး ၁ ဂိုးသာ ရထား ခဲ့ပါတယ်။
ခံစစ် မှာလဲ ဗန်ဒိုက် ၊ ဂိုးမက်ဇ် တို့ လို့ ဗဟို နောက်ခံ လူတွေ ဒဏ်ရာရ နေတာ ကြောင့် လီဗာပူး နည်းပြ ကလော့ပ် ဟာ ခံစစ်မှာ ကွင်းလယ်ကစား သမား တွေ ဖြစ်တဲ့ ဟန်ဒါဆန် နဲ့ ဖာဘင်ဟို တို့ကို တွဲပြီး အသုံးပြု နေရ တဲ့ အခြေ အနေ ဖြစ် ပေါ် နေပါတယ်။
Zawgyi Version
အန္ဖီးလ္ မွာ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ သေရ က်ခဲ့ၿပီး လီဗာပူး အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲဆက္ ဂိုးေပါက္ ေပ်ာက္ဆုံး ခဲ့ရ ပါတယ္။
လက္ရွိ ခ်န္ပီယံ ဟာ ပရီးမီးယား လိဂ္ အဆင့္ေလး ေနရာ သို႔ ဆင္းေပး လိုက္ရၿပီ ျဖစ္ၿပီး ခ်န္ပီယံ ဆုကို ဆက္လက္ ထိန္းသိမ္းဖို႔ ျပင္ဆင္ရမယ့္ အခ်ိန္က် ေရာက္လို႔ ေနပါတယ္။
လီဗာပူး မန္ေနဂ်ာ ယာဂန္ ကေလာ့ပ္ ကေတာ့ ပရီးမီးယား လိဂ္ ခ်န္ပီယံဆု ထက္ ထိပ္ဆုံး ေလးသင္း စာရင္း ဝင္ရန္ အဓိက ထားရမည္ျဖစ္ေၾကာင္း ေျပာၾကား လိုက္ပါတယ္။
“ ခ်န္ပီယံလိဂ္ ကို ဝင္ခြင့္ရ ဖို႔ လိုအပ္ တယ္ဆိုတာ ေမ့မထား သင့္ဘူး ။ ဒီႏွစ္ ေဘာလုံး ရာသီရဲ႕ ၿပိဳင္ဆိုင္မႈ က ခ်န္ပီယံ ဆုထက္ ထိပ္ဆုံးေလးသင္း စာရင္းဝင္ ဖို႔ေတာင္ ခက္ခဲ ေနတယ္ ဆိုတာ အားလုံး အျမင္ပါ။
“အသင္း တိုင္းက ကြၽန္ေတာ္ တို႔ကို အနိုင္ရ ခ်င္ေန ပါတယ္။ ကြၽန္ေတာ့္ ရဲ႕မန္ေနဂ်ာ ဘဝ အေတြ႕ အႀကဳံ အရ ခက္ခဲတဲ့ အခ်ိန္ေတြ ရွိမယ္ ဆိုတာသိ ပါတယ္။ ကြၽန္ေတာ္ တို႔ စိတ္ရွည္ဖို႔ လိုပါတယ္”ဟု ကေလာ့ပ္က ေျပာဆိုခဲ့ ပါတယ္။
လီဗာပူး ရဲ႕ အဓိက ျပသနာ ကေတာ့ ကမာၻ႔အေကာင္းဆုံး တိုက္စစ္ အတြဲ တစ္ခု အျဖစ္ သတ္မွတ္ခံ ထားရ တဲ့ ဆာလတ္ မာေနး ဖာမီနို တို႔ ရဲ႕ ထက္ျမက္မႈ ေပ်ာက္ဆုံး ေနမႈ ျဖစ္ကာ အခု ဆိုရင္ လိဂ္ ပြဲစဥ္ ၄ ပြဲမွာ လီဗာပူး တို႔ သြင္းဂိုး ၁ ဂိုးသာ ရထား ခဲ့ပါတယ္။
ခံစစ္ မွာလဲ ဗန္ဒိုက္ ၊ ဂိုးမက္ဇ္ တို႔ လို႔ ဗဟို ေနာက္ခံ လူေတြ ဒဏ္ရာရ ေနတာ ေၾကာင့္ လီဗာပူး နည္းျပ ကေလာ့ပ္ ဟာ ခံစစ္မွာ ကြင္းလယ္ကစား သမား ေတြ ျဖစ္တဲ့ ဟန္ဒါဆန္ နဲ႕ ဖာဘင္ဟို တို႔ကို တြဲၿပီး အသုံးျပဳ ေနရ တဲ့ အေျခ အေန ျဖစ္ ေပၚ ေနပါတယ္။