Spots news

အဆင့်တစ်နေရာမှာ မြဲစေဖို့ လူခေါ်ပေးရန် အက်ဝုဒ်ကို ဆိုလ်းရှားတောင်းဆိုထား

Unicode Version

လက်ရှိ အချိန် မှာ ပရီးမီးယား လိဂ် အဆင့် တစ် နေရာမှာ ရပ်တည် နေတာ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ ည က အခါးသီး ဆုံး ပြိုင်ဘက် လီဗာပူး ကို အန်ဖီးလ် မှာ သရေ တစ်မှတ် အရ ယူနိုင် ခဲ့ပြီး ပြိုင်ဘက် လီဗာပူး ကတော့ အဆင့် လေး နေရာ ကို ရောက် သွားခဲ့ပါတယ် ။

အဆင့် တစ်‌ ဆို ပေ မယ့် မန်စီးတီး ၊ လတ်စတာ လီဗာပူး တို့ နဲ့ အမှတ် ကွာဟ မှုက ကျဉ်း မြောင်း နေသေးတာ ဖြစ်လို့ အနည်းငယ် ခြေ ချော် ပါက အဆင့် တစ် နေရာ က ဆင်း ပေးရမှာ ဖြစ်ပါတယ် ။

ထို့ကြောင့် နည်းပြ ဆိုးလ်ရှား က တော့ ချန်ပီယံ ဆု ကို စိန် ခေါ် နိုင်ရန် ‌သေချာ စေဖို့ အသင်း အတွက် အင်အား ဖြည့်တင်း ရန် လိုအပ် သည့်

နေရာ သုံး နေရာ ကို အမှုဆောင် အရာရှိ အက်ဝုဒ် ကို ပြောဆို ထားပြီး အရခေါ်ယူ ပေးရန် တောင်းဆို ထားကြောင်း သတင်း များ က ဖော်ပြ ထားပါတယ် ။

ဗဟို ခံစစ်

လင်ဒီလော့ဖ် နှင့် ဘိုင်လီ တို့ရဲ့ ခြေစွမ်း တည်ငြိမ် မှု နှင့် ကြံ့ခိုင် မှု နည်းပါး ခြင်းကြောင့် မက်ဂွိုင်းယား နဲ့ တွဲ ကစား ရန် အတွက်

ဆိုးလ်ရှား က ခံစစ်မှူး တဦး ခေါ်ယူ‌ ရန် လိုက်ဇစ် အသင်း ၏ အူပါမီကာနို နှင့် ဘရိုက်တန်အသင်း ၏ ဘန်ဝှိုက် တို့ ကို ပစ်မှတ် ထားနေ ကြောင်း ဆိုပါတယ် ။

ကွင်းလယ် ခံစစ်
နည်းပြ ဆိုးလ်ရှား ဟာ အသင်း ရဲ့ ကွင်းလယ် ခံစစ် နဲ့ ဗဟို ခံစစ် ကစား သမား တဦး ကို ခေါ် ယူသွား ဖို့ ဆန္ဒ ရှိ နေတာ ဖြစ်ပြီး

အသက် ၂ ၂ နှစ် သာ ရှိသေး တဲ့ ဝက်စ်ဟမ်း ကွင်းလယ် ကစား သမား ဒီကလင်း ရိုက်စ် ဟာ အသင်း က ခေါ်ယူ ချင် နေတဲ့ နေရာ နှစ်နေရာ စလုံး မှာ ကစား နိုင် တဲ့သူ ဖြစ်တာ ကြောင့် နည်းပြ ဆိုလ်းရှား က ပစ်မှတ် ထား နေတာ ဖြစ်ပါတယ် ။

တိုက်စစ် မှူး
ထို နေရာ အတွက် ဆိုလ်းရှား ဟာ ဒေါ့မွန် တိုက်စစ် မှူး ဟာလန်း ကို ရည်ရွယ် နေတာ ဖြစ်ပါတယ် ။

ဟာလန်း ကို ဥရောပ အသင်းကြီး အများစု က ခေါ်ယူ ချင်နေ ပြီး နည်းပြ ဆိုလ်းရှား ရဲ့ ယူနိုက်တက် ကို ရောက်လာ နိုင်ပါ့မလား ဆိုတာ တော့ စောင့် ကြည့် ရမှာပါ ။

ဆိုးလ်ရှား အသင်း ကိုတာဝန် ယူပြီး ခေါ်ယူ ခဲ့တဲ့ မက်ဂွိုင်းယား ၊ ဖာနန်ဒက်စ် ၊ တဲလက်စ် ၊ ကာဗာနီ ၊ ဝမ်ဘစ်ဆာကာ တို့ဟာ အသင်း အတွက် ကောင်း မွန် သော ခေါ်ယူ မှုများ ဖြစ်ခဲ့ ပါတယ် ။

ထို့ကြောင့် ကစား သမား ခေါ်ယူ မှုမှာ အကျိုး ပေးတဲ့ ‌ဆိုလ်းရှား ရဲ့ လက်ရှိ ပစ်မှတ် များ ထဲမှ မည်သူ ယူနိုက်တက် ကို ရောက် လာ မလဲ ဆိုတာ ဆက်လက် ကြည့်ရှု ရမှာပါ ။