Spots news

၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ

Unicode Version

ဘီလ်ဘာအိုရှုံးခဲ့တဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကို လက်သီးနဲ့ ထိုးခဲ့လို့ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံ ခဲ့ရတဲ့ မက်ဆီဟာ ၁၂ ပွဲအထိ ပွဲပယ်ခံရ နိုင်ဖွယ်ရှိ နေတယ်လို့ သိရပါတယ်။

ပွဲပြီးကာ နီးမှာ ဘီလ်ဘာအို တိုက်စစ်မှူး ဗီလာလီဘရီ ကို အသားလွတ် လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် မက်ဆီ တစ်ယောက် တိုက်ရိုက် အနီကတ်ပြ ခံခဲ့ရတာပါ။

မက်ဆီ အတွက် သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ သက်တမ်း တစ်လျှောက် ပထမဦးဆုံး အနီကတ် ဖြစ်ပြီး စပိန် ဘောလုံး အဖွဲ့ချုပ်က အဆိုပါအနီကတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ် ပါတယ်။

ဒီအနီကတ် ပြစ်ဒဏ်ဟာ ပြင်းထန် တယ်လို့ စပိန်ဘောလုံး အဖွဲ့ချုပ်က ယူဆခဲ့ရင်တော့ မက်ဆီဟာ ၁၂ ပွဲပယ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဘီဘာအို နဲ့ ပွဲမှာ ဘာစီလိုနာဟာ စပိန် စူပါဖလား ချန်ပီယံဖြစ်ဖို့ မိနစ်ပိုင်းအလို ကနေ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရတာကြောင့် ချန်ပီယံ ဖြစ်ခွင့် လက်လွတ် သွားခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ရော်နယ်ကိုမန်း ကတော့ မက်ဆီဘက်ကနေ ကာကွယ်ခဲ့ပြီး ကွင်းလယ်ဒိုင်ဟာ ပွဲချိန်တစ်လျှောက်လုံး

မက်ဆီကို ပြစ်ဒဏ် ကျူးလွန်ဖို့ အမျိုးမျိုး ကြိုးစားခဲ့တာ တွေကို ကျတော့ အရေး မယူ ခဲ့လို့ အခုလို အခြေအနေထိ ဖြစ်ခဲ့ရတာလို့ ပြောသွားပါတယ်။

မက်ဆီသာ ရေရှည် ပွဲပယ်ခံခဲ့ရ မယ် ဆိုရင် ပြည်တွင်းမှာ ဘာစီလိုနာရဲ့ အခြေအနေ ကို ပိုပြီးဆိုးရွား စေမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဟာ လက်ရှိမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အက်သလက် တီကို နဲ့ ၇ မှတ်ကွာဟ ပြီး အဆင့် ၃ မှာရပ် တည် နေပေမယ့် သူတို့က ၂ ပွဲပိုကစားထားလို့ ချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက် မှေးမှိန် နေပါတယ်။