Spots news

စပါးမှာ မော်ရင်ဟိုနဲ့ ပြန်လက်တွဲဖွယ် ရှိနေတဲ့ ဒီမာရီယာ နဲ့ သတင်းတိုများ

Unicode Version

သတင်း တွေ ရဲ့ ဖော်ပြချက် အရ စီးရီး အေ ချန်ပီယံ ဂျူဗင်တပ်စ် နဲ့ ပရီးမီးယားလိဂ် ကလပ် စပါး တို့ ဟာ ပီအက်စ်ဂျီ တောင်ပံ ကစား သမား ဒီမာရီယာ ကို ခေါ် ယူ ဖို့ အပြိုင် စိတ်ဝင်စား နေတယ် လို့ သိရ ပါတယ် ။

ရီးရဲလ် မက်ဒရစ် အသင်း မှာ တုန်းက လက်ရှိ စပါး အသင်း နည်းပြ မော်ရင်ဟို နဲ့ လက် တွဲ ဖူးတဲ့ ဒီမာရီယာ ဟာ ပီအက်စ်ဂျီ နည်းပြ သစ် ပိုချက်တီနို ရဲ့ သွေး သစ် လောင်းမယ့်

စီမံကိန်း မှာ ပါဝင် ခွင့် ရဖို့ ရာခိုင်နှုန်း နည်း နေပြီး သူ့ရဲ့ စာချုပ် သက်တမ်း ကလည်း ယခု ရာသီ အကုန် မှာ ကုန် ဆုံး မှာ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း အသင်း နှင့် လမ်းခွဲ ပြီး နောက် အသင်းလက်မဲ့ ဖြစ် နေတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစား သမား ဟောင်း ဝဲလ်ရှိုင်းယား ဟာ လိဂ် ချန်ပီယံရှစ် ကလပ် ဘုန်းမောက် အသင်း မှာ ရာသီကုန် အထိ ကစား ရန် သဘော တူညီ မှု ရရှိခဲ့ ကြောင်း သိရှိ ရပါတယ် ။

ဝဲလ်ရှိုင်းယား( ၂၉ နှစ် ) ဟာ အာဆင်နယ် မှ ဝက်စ်ဟမ်း အသင်း သို့ မ ပြောင်းရွှေ့ မီ ဘုန်းမောက် အသင်း တွင် အငှား ကစား ခဲ့ဖူးသူ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်း ရဲ့ အသက် ၃၀ နှစ် အရွယ် ၊ အပယ်ခံ အင်္ဂလန် ကွင်းလယ် လူ ဒန်နီ ဒရင့်ခ်ဝါးတား ဟာ ယနေ့ မှာပဲ တူရကီ စူပါလိဂ် ကလပ် ကာဆင်ပါဆာ အသင်း သို့ ရာသီ ဝက် အငှား ထွက်သွား ပြီ ဖြစ်ပါတယ် ။

ရီးယဲလ် အသင်း မှ ဖရန့်ဖတ် အသင်း ထံသို့ ရာသီကုန် အထိ အငှား စာချုပ် ဖြင့် ပြောင်းရွှေ့ ခဲ့တဲ့ ဆားဘီးယား တိုက်စစ် မှူး ဂျိုဗစ် ဟာ ရီးယဲလ် အသင်း တွင် ပြိုင်ပွဲ စုံ ( ၃ ၂ ) ပွဲ ကစား ပြီး ( ၂ ) ဂိုး သာ သွင်းယူ နိုင်ခဲ့သော် လည်း

ဖရန့်ဖတ် အသင်း အတွက် လူစား ဝင် ကစား သည့် ပထမဆုံး ပွဲ တွင်ပင် ပွဲ ကစားချိန် ( ၂၈ ) မိနစ် အတွင်း ( ၂ ) ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။