Spots news

စပါး ကခေါ်ချင်နေတဲ့ လင်ဂတ် ၊ အနားယူတော့မယ့် တီဗက်ဇ် နဲ့ သတင်းတိုများ

Unicode Version

အင်္ဂလန် အမျိုး သမီး လက်ရွေးစင် အသင်း နည်းပြ ဖီးလ်နဗီးလ် သည် ဒေးဗစ် ဘက်ခမ် ပူးတွဲ ပိုင် ဆိုင် ထားသည့် မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီ အသင်း ၏ နည်းပြ အဖြစ် တာဝန် ယူ သွားရန် သဘော တူညီ မှု ရ ရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရ ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ ချုပ် ကလည်း ဖီးလ်နဗီးလ် သည် အမျိုး သမီးလက်ရွေးစင် အသင်း နည်းပြ ရာထူး မှ နုတ် ထွက် သွားပြီ ဖြစ်ကြောင်း အတည် ပြုခဲ့ ပြီ ဖြစ်ပါတယ် ။

 

တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်း လယ် ကစား သမား ဂျက်ဆီ လင်ဂတ် ကို ခေါ် ယူ ရန် စိတ် ဝင်စား နေ ပါတယ် ။

နည်းပြ မော်ရင်ဟို အနေ နဲ့ ဂျက်ဆီ နဲ့ ပြန် လက်တွဲ ရန် အလို ရှိနေ ပြီး စပါး အသင်း က ကွင်းလယ် ကစား သမား အချို့ ကို လက် လွတ် ရဖွယ် ရှိနေ တာ ဖြစ်လို့ ပွဲထွက် ကစား ခွင့် ပျောက် ဆုံး နေတဲ့ လင်ဂတ် ကို ကမ်း လှမ်း ရန် ပြင်ဆင် နေတာပါ ။

အေစီမီလန် အသင်း ဟာ ဝါရင့် တိုက်စစ် မှူး မာရီယို မန်ဇူကစ် ကို ၆ လ စာချုပ် နဲ့ ခေါ် ယူ လိုက်ပြီး ၁ နှစ် သက်တမ်း တိုး ခွင့် လည်း ပါဝင် တယ်လို့ သိ ရ ပါတယ် ။မန်ဇူကစ် အနေ နဲ့ အင်္ဂါ နေ့ မှာ မီလန် ကို ရောက် လာပြီး စာချုပ် ချုပ် မှာ ဖြစ် ပါတယ် ။

လက်ရှိ အေစီမီလန် တိုက်စစ် မှာ အီဘရာဟီမိုဗစ် တဦး တည်း ကိုသာ အား ကိုး နေရ တာကြောင့် မန်ဇူကစ် ကို ခေါ် လိုက် တာက အေစီမီလန် ရဲ့ ကြီးမား တဲ့ ပြဿနာ ကို ဖြေ ရှင်း လိုက် သလို ဖြစ်သွား မှာပါ ။

ဘိုကာ ဂျူနီယာ တိုက်စစ် မှူး ကားလို့စ်တီဗကဇ် ဟာ ကိုပါလီဘာတေးဒိုးစ် ပြိုင်ပွဲ ကနေ ဘိုကာ ဂျူနီယာ အသင်း ထွက် ခဲ့ရ ပြီး နောက် သူ့ ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ စဉ်းစား လျက် ရှိကြောင်း သိရ ပါ တယ် ။

အာဂျင်တီးနား လက်ရွေးစင် ဟောင်း တီဗက်ဇ် ရဲ့ လက်ရှိ စာ ချုပ်သက်တမ်း က ဇွန် လ ရောက် မှ ကုန်ဆုံး မှာ ဖြစ် ပေ မယ့် သူ့ အနေ နဲ့ လာမယ့် ရက်ပိုင်း အတွင်း အသင်း နဲ့လမ်း ခွဲ ဖွယ် ရှိနေ သလို နောက်ဆုံး ကစား သမား ဘဝ က နေပါ အနား ယူ တာမျိုး လည်း ဖြစ်လာ နိုင် ပါတယ် ။

Zawgyi Version

အဂၤလန္ အမ်ိဳး သမီး လက္ေ႐ြးစင္ အသင္း နည္းျပ ဖီးလ္နဗီးလ္ သည္ ေဒးဗစ္ ဘက္ခမ္ ပူးတြဲ ပိုင္ ဆိုင္ ထားသည့္ ေမဂ်ာလိဂ္ ကလပ္ အင္တာ မိုင္ယာမီ အသင္း ၏ နည္းျပ အျဖစ္ တာဝန္ ယူ သြားရန္ သေဘာ တူညီ မႈ ရ ရွိခဲ့ၿပီ ျဖစ္ေၾကာင္း သိရွိ ရ ပါတယ္ ။

အဂၤလန္ ေဘာလုံး အဖြဲ႕ ခ်ဳပ္ ကလည္း ဖီးလ္နဗီးလ္ သည္ အမ်ိဳး သမီးလက္ေ႐ြးစင္ အသင္း နည္းျပ ရာထူး မွ ႏုတ္ ထြက္ သြားၿပီ ျဖစ္ေၾကာင္း အတည္ ျပဳခဲ့ ၿပီ ျဖစ္ပါတယ္ ။

ေတာ့တင္ဟမ္ေဟာ့ စပါး အသင္း ဟာ မန္ခ်က္စတာ ယူနိုက္တက္ ကြင္း လယ္ ကစား သမား ဂ်က္ဆီ လင္ဂတ္ ကို ေခၚ ယူ ရန္ စိတ္ ဝင္စား ေန ပါတယ္ ။

နည္းျပ ေမာ္ရင္ဟို အေန နဲ႕ ဂ်က္ဆီ နဲ႕ ျပန္ လက္တြဲ ရန္ အလို ရွိေန ၿပီး စပါး အသင္း က ကြင္းလယ္ ကစား သမား အခ်ိဳ႕ ကို လက္ လြတ္ ရဖြယ္ ရွိေန တာ ျဖစ္လို႔ ပြဲထြက္ ကစား ခြင့္ ေပ်ာက္ ဆုံး ေနတဲ့ လင္ဂတ္ ကို ကမ္း လွမ္း ရန္ ျပင္ဆင္ ေနတာပါ ။

ေအစီမီလန္ အသင္း ဟာ ဝါရင့္ တိုက္စစ္ မႉး မာရီယို မန္ဇူကစ္ ကို ၆ လ စာခ်ဳပ္ နဲ႕ ေခၚ ယူ လိုက္ၿပီး ၁ ႏွစ္ သက္တမ္း တိုး ခြင့္ လည္း ပါဝင္ တယ္လို႔ သိ ရ ပါတယ္ ။မန္ဇူကစ္ အေန နဲ႕ အဂၤါ ေန႕ မွာ မီလန္ ကို ေရာက္ လာၿပီး စာခ်ဳပ္ ခ်ဳပ္ မွာ ျဖစ္ ပါတယ္ ။

လက္ရွိ ေအစီမီလန္ တိုက္စစ္ မွာ အီဘရာဟီမိုဗစ္ တဦး တည္း ကိုသာ အား ကိုး ေနရ တာေၾကာင့္ မန္ဇူကစ္ ကို ေခၚ လိုက္ တာက ေအစီမီလန္ ရဲ႕ ႀကီးမား တဲ့ ျပႆနာ ကို ေျဖ ရွင္း လိုက္ သလို ျဖစ္သြား မွာပါ ။

ဘိုကာ ဂ်ဴနီယာ တိုက္စစ္ မႉး ကားလို႔စ္တီဗကဇ္ ဟာ ကိုပါလီဘာေတးဒိုးစ္ ၿပိဳင္ပြဲ ကေန ဘိုကာ ဂ်ဴနီယာ အသင္း ထြက္ ခဲ့ရ ၿပီး ေနာက္ သူ႕ ရဲ႕ အနာဂတ္ နဲ႕ ပတ္သက္လို႔ စဥ္းစား လ်က္ ရွိေၾကာင္း သိရ ပါ တယ္ ။

အာဂ်င္တီးနား လက္ေ႐ြးစင္ ေဟာင္း တီဗက္ဇ္ ရဲ႕ လက္ရွိ စာ ခ်ဳပ္သက္တမ္း က ဇြန္ လ ေရာက္ မွ ကုန္ဆုံး မွာ ျဖစ္ ေပ မယ့္ သူ႕ အေန နဲ႕ လာမယ့္ ရက္ပိုင္း အတြင္း အသင္း နဲ႕လမ္း ခြဲ ဖြယ္ ရွိေန သလို ေနာက္ဆုံး ကစား သမား ဘဝ က ေနပါ အနား ယူ တာမ်ိဳး လည္း ျဖစ္လာ နိုင္ ပါတယ္ ။