Unicode Version
မန်ချက် စတာ ယူနိုက်တက် နောက်ခံ လူ လုရှော က တော့ သူ့ အပေါ် ကို ယုံကြည် ပေးတဲ့ နည်းပြ ဆိုလ်းရှား နဲ့ သူ့ ရဲ့ စွမ်းဆောင် ရည် ပိုမို တိုးတက် စေတဲ့ အသင်းဖော် တဲလက်စ် တို့ ကိုကျေးဇူးတင် စကား ဆိုလိုက် ပါတယ်။
လုရှော ဟာ အန်ဖီးလ်မှာ ယှဉ်ပြိုင် ခဲ့တဲ့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် မှာ လီဗာပူး တိုက်စစ် ဖြစ်တဲ့ ဆာလတ် ၊ မာနေး တို့ ကို အကောင်းဆုံး ထိန်းချုပ် ပြ သွား ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစား သမား ဆုကို ရရှိခဲ့ ပါတယ်။
လုရှော ဟာ တဲလက်စ် ရောက်ရှိ လာပြီး ပုံမှန် ပွဲထွက် ခွင့် အတွက် တိုက်ပွဲ ဝင်ရ နိုင်ချေ ရှိနေတာ ဖြစ်လို့ ခြေစွမ်း ပိုမို ပြသ လာနိုင် သလို အခွင့် အရေး ဖန်တီး ပေး နိုင်မှု တွေလဲ မြင့်မား လာခဲ့ ပါတယ်။ လက်ရှိ မှာလဲ မန်ချက်စတာ ယူနိုက်တက် ရဲ့ ခြေစွမ်း တိုးတက် လာမှု အရှိဆုံး ကစားသမား အဖြစ် သတ်မှတ် ခံ ထားရ သူပါ။
လုရှောက “ ကျွန်တော့် ခြေစွမ်း ကောင်း နေတာက တော့ နည်းပြ ဆိုလ်းရှား ရဲ့ ကျွန်တော့် ကိုယုံကြည် ပေးပြီး တွန်းအား ပေးခဲ့တာ တွေ ကြောင့် ပေါ့ဗျာ။ တဲလက်စ် နဲ့ ကျွန်တော် မှာလဲ အရမ်းကို ကောင်းတဲ့ ဆက်ဆံရေး တွေ ရှိနေ ပါတယ် ”
“ ပြီးတော့ လေ့ကျင့်ရေး ပိုင်းမှာ လည်း သူက ကျွန်တော့် ကို နေ့တိုင်း တွန်းအား တွေပေး နေတဲ့သူပါ ။ဒီလိုမျိုး ယှဥ်ပြိုင်မှု ရှိခြင်း ကလည်း တကယ်ကို ကောင်းတဲ့ အရာပါ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ပုံစံ ကောင်း တွေ ရရှိဖို့ အတွက် တစ်ယောက် ကို တစ်ယောက် တွန်းအား တွေပေးကြ ပါတယ်။ ”
သူ ပွဲထွက် ကစား ရင်လဲ အသင်း အတွက် သူ့ဘက်က အကောင်း ဆုံး ပုံစံတွေ ရရှိ ဖို့ ကျွန်တော် လို ချင်ပါတယ် ။ ဒီလိုပဲ သူ ကလည်း ကျွန်တော့် ကို အခု လိုမျိုး ဖြစ် စေချင် နေမှာပါ။ဒါက ကျွန်တော်တို့ အတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ ”