Spots news

ဟာလန်းကို ခေါ်ယူရန် ကြိုးပမ်းမည့် အသင်းများထဲမှာ ချဲလ်ဆီးပါဝင်လာ

Unicode Version

ချဲလ်ဆီး အသင်း ကတော့ ဂိုး ရရှိမှု နည်းပါး နေတဲ့ အသင်း ရဲ့ တိုက်စစ်ကို အင်အား ဖြည့်တင်းဖို့ ဒေါ့မွန် အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို

လာမယ့် နွေရာသီ အပြောင်း အရွှေ့ မှာ ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေး နဲ့ ခေါ်ယူ ဖို့ အတွက် စီစဉ် နေကြောင်း သတင်း ထွက် ပေါ် လာ ပါတယ်။

ဟာလန်း ကလည်း ဒေါ့မွန် မှာ ၃၅ ပွဲ ကစားကာ ၃၅ ဂိုးသွင်း ယူ ထားနိုင် ပြီး သူ့ရဲ့ စာချုပ် မှာလည်း စာချုပ် ဖျက် သိမ်းကြေး

ပေါင် ၇၅ သန်း ကို ထည့်သွင်း ချုပ်ဆို ထား တာ ဖြစ် ပြီး နောက် ရာသီ မတိုင်ခင် အထိ စာချုပ် ကို ဖျက်သိမ်း လို့ ရမှာ မဟုတ် ပါဘူး။

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီကုန် အပြောင်း အရွေ့မှာ ပေါင် သန်း ၂၀၀ ကျော် အသုံးပြု ကာ အသင်း ကို အင်အား ဖြည့်တင်း ခဲ့ ပေ မယ့် လက်ရှိ အချိန်မှာ

ပရီးမီးယား လိဂ် ချန်ပီယံ ဆုကို စိန်ခေါ် နိုင်စွမ်း မရှိတာ ကြောင့် အသင်း ရဲ့ အားနည်း ချက် တစ်ခု ဖြစ်တဲ့ အထောင် တိုက်စစ်ပိုင်း ကို အင်အား ဖြည့် တင်း ဖို့ စီစဉ် နေတာပဲ ဖြစ် ပါတယ်။

ချဲလ်ဆီး ဟာ ငွေကြေး အမြောက် အများ ဖြင့် ဟာဗက်စ် ၊ ဝါနာ ၊ဇီယက်စ် တို့ ကို ခေါ်ယူ အားဖြည့် ခဲ့ပေမယ့် တိုက်စစ် စွမ်းရည် တိုးတက်လာခြင်း မရှိ ဖြစ်နေ တာပါ။

အထောင် တိုက်စစ် မှာ ရှိတဲ့ ဂီရောက် ကလဲ အသင်း ပြောင်း ရွေ့ဖွယ် ရာ ရှိပြီး အေဗရာဟမ် ကလဲ ပွဲစဉ် တိုင်း အားကိုး ၍ မရတာ ကြောင့် ဟာလန်း ကို နွေရာသီ မှာ ခေါ် ယူ အား ဖြည့်ဖို့ ကြံရွယ် နေတာ ဖြစ်ပါတယ်။

The Athletic သတင်း ဌာန ရဲ့ အဆိုအရ ချဲလ်ဆီး အသင်းဟာ ဟာလန်း အပါ အဝင် ထိပ်တန်း တိုက်စ်မှူး များ အတွက် နွေရာသီ မှာ ရင်းနှီး မြှပ်နှံမှု များစွာ

ပြုလုပ် သွား မည်ဖြစ်ပြီး ဒေါ့မွန် တိုက်စစ်မှူး ဟာလန်း ကလဲ ပရီးမီးယား လိဂ် က ကမ်းလှမ်း မှု တွေကို တံခါးဖွင့် ထားကြောင်း ပြောဆို ထား ပါတယ်။