Unicode Version
လာလီဂါ ကလပ် ဗလန်စီယာ အသင်း ကတော့ ကစား သမား ဟောင်း မာတာ ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း The Sun သတင်းဌာန က ဖော်ပြ သွား ပါတယ် ။
ဗလန်စီယာ အသင်း ဟာ ဒီရာသီ မှာ အတော် လေး ရုန်းကန် နေ ရပြီး အသင်း ကို ထိန်းကျောင်း ဖို့ ဝါရင့် ကွင်းလယ် ကစား သမား ကို အလိုရှိ နေတာ ဖြစ်ပါ တယ်။
အသက် ၃၂ အ ရွယ် မာတာ ဟာ ယူနိုက်တက် နဲ့ ရာသီ ကုန် မှာ စာချုပ် ကုန်ဆုံး မှာ ဖြစ် ပါတယ်။ မာတာ ရဲ့ စာချုပ် ဟာ ပီးခဲ့တဲ့ ရာသီ မှာ ကတည်း က ကုန်ဆုံး ခဲ့တာ ဖြစ် ပေမယ့် ယူနိုက်တက် က မာတာကို တစ်ရာသီ စာချုပ် သက်တန်း တိုးခဲ့တာ ဖြစ် ပါတယ်။
မာတာ ဟာ ပြီးခဲ့တဲ့ ရာသီ မှာ ယူနိုက်တက်အတွက် ပရီးမီးယား လိဂ် ပွဲစဉ် ၁၉ ပွဲ သာ ပါဝင်ကစား ခဲ့ရ သလို ဒီရာသီ မှာလဲ ယူနိုက်တက်အတွက်
ပရီးမီးယား လိဂ် ပြိုင်ပွဲ တစ်ပွဲ မှ ပါဝင်ကစား ထား ရခြင်း မရှိပဲ ပြိုင်ပွဲ စုံ မှာလည်း ၁၀ ပွဲ သာ ပါဝင်ခဲ့ ရတာ ကြောင့် မာတာ အနေနဲ့ အသင်း က နေ ထွက်ခွာ ဖွယ် ရာ ရှိ နေပါတယ်။
ဗလန်စီယာ အသင်း ဟာ ၁၉၈၆ ခုနှစ် မှ စ၍ ပထမဆုံး အကြိမ် ကလပ် အသင်း ရဲ့ ဘဏ္ဍာရေး အကြပ် အတည်း နဲ့ ရင်ဆိုင် နေရ ပြီး
ဥက္ကဌ လင်မ် က တော့ အလွတ် ပြောင်းရွေ့ ကြေး နဲ့ ရနိုင် မယ့် ကစားသမား ဟောင်း မာတာကို အသင်း သို့ ပြန်လည် ပြောင်းရွေ့ လာမည်ဟု ယုံကြည် နေ ပါတယ်။
မာတာ ဟာ ချဲလ်ဆီး သို့ မရောက်ခင် ဗလန်စီယာ မှာ လေးနှစ် ကြာ အောင် ကစား ခဲ့သူ ဖြစ်ပြီး ၂၀၁၄ မှာ တော့ ချဲလ်ဆီး အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် သို့ ပြောင်းရွေ့ ကြေး ယူရို ၃၇ သန်း ဖြင့် ပြောင်းရွေ့ လာခဲ့သူ ဖြစ် ပါတယ်။
မာတာ ဟာ ပရော်ဖက် ရှင်နယ် ကစား သမား ဘဝ မှာ အောင်မြင်တဲ့ ကစား သမား အဖြစ် ရပ်တည် နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ၊ ယူရို ၊ ချန်ပီယံလိဂ် စတဲ့ ဆုဖလား များစွာ ကို ရရှိခဲ့ ဘူးသူ တစ်ဦး ပါ။