Spots news

ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တဲ့ အလာဘာ

Unicode Version

ဘိုင်ယန်မြူးနစ် အသင်း နောက်ခံ လူ အလာဘာ ကို ခေါ်ယူ ခွင့် ရရှိ ဖို့ ကစား သမား နဲ့ ရီးရဲ မက်ဒရစ် အသင်း တို့ သဘော တူညီ မှု ရရှိ ခဲ့ပြီ ဖြစ်ပါတယ် ။

ဇန်နဝါရီ ၁ ရက်နေ့ ကတည်း က ဥရောပ အသင်း များ နဲ့ ဆွေးနွေး နေပြီ ဖြစ်တဲ့ အလာဘာ ဟာ ရီးရဲလ် အသင်း နဲ့ ၄ နှစ် စာချုပ်

ချုပ် ဆို သွားမှာ ဖြစ်ပြီး တနှစ် လျှင် လုပ်ခ လစာ ငွေ ယူရို ၁၁ သန်း ဖြင့် ရီးရဲ နှင့် ၄ နှစ် စာချုပ် ချုပ် ဆို ခဲ့ခြင်းဖြစ် ကြောင်း သိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်း နောက်ခံ လူ အလာဘာ ဟာ ဇွန်လ ၃၀ ရက် နေ့ တွင် ဂျာမန် ကလပ် နှင့် စာချုပ်သက်တမ်း ကုန်ဆုံး သည် နဲ့

ရီးရဲလ် နှင့် တရားဝင် စာချုပ် မှာ ဖြစ်ပြီး လာမည့် ဘောလုံး ရာသီ အစ တွင် စပိန် သို့ ပြောင်းရွှေ့ လာမည် ဖြစ် ပါတယ် ။

အလာဘာ ဟာ ရီးရဲလ် မက်ဒရစ် မှာ ကစား ချင် ကြောင်း ပြောဆို ထားသူ ဖြစ်ပြီး ဩစတြီးယန်း နောက်ခံ လူ ကို ခေါ်ယူ ရန် လီဗာပူး ၊ ပီအက်စ်ဂျီ တို့ ကလဲ စိတ် ဝင်စား နေခဲ့ တာ ဖြစ်ပါတယ် ။

ဘိုင်ယန် ဟာ အလာဘာ ကို စာချုပ် သစ် ကမ်းလှမ်း မှု သုံး ကြိမ် အထိ ပြုလုပ် ခဲ့ သော်လဲ အသင်း ရဲ့ စာချုပ် သစ် ကမ်းလှမ်း မှု ကို သဘော မ ကျတဲ့ အတွက် စာချုပ် သစ် ကို အလာဘာ ဘက် က ငြင်း ဆန် ခဲ့ ပါတယ် ။

ရီးရဲလ် ဟာ အသင်း ပြောင်း ဖွယ်ရာ ရှိ နေတဲ့ နောက်ခံ လူ ရာမိုစ့် ရဲ့ နေရာ ကို အစား ထိုး ဖို့ ကစား သမား တစ်ယောက် အနေ နဲ့ အကောင်းဆုံး အသက် အရွယ် ရှိနေ သလို

ခံစစ် နေရာ စုံ မှာ ကစား နိုင်တဲ့ ၂၈ နှစ် အ ရွယ် အလာဘာ ကို ခေါ် ယူ ဖို့ အကြို သ ဘော တူ ညီ မှု ရခဲ့တာ ဖြစ်ပါ တယ် ။

အလာဘာ ဟာ တစ်ပတ် လျှင် လုပ်ခ လစာ ယူရို ၂ သိန်း ၃ သောင်း ရရှိ မှာ ဖြစ်ပြီး မကြာခင် မှာ ပဲ ဆေးစစ် မှု ပြလုပ် သွား မှာ ဖြစ်ပါတယ် ။

အလာဘာ ဟာ ဘိုင်ယန် မြူးနစ် အသင်း နဲ့ ၁၃ နှစ် တာ ကာလ ကို ဖြတ် သန်း ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ဖလား ၉ လုံး ၊ ချန်ပီယံလိဂ်ဖလား ၂ လုံး အပါ အဝင် အောင် မြင် မှု များစွာ ရရှိ ခဲ့သူပါ။