Spots news

အလီ အတွက် တစ်ပတ်အတွင်း တိကျတဲ့ အဖြေလိုချင်နေတဲ့ ပီအက်စ်ဂျီ

Unicode Version

ပြင်သစ် အင်အား ကြီး ကလပ် ပီအက်စ်ဂျီ အသင်း ဟာ စပါး ကွင်းလယ် လူ ဒယ်လီ အလီ အတွက် ကမ်း လှမ်းထား မှု ကို စပါး အသင်း အနေ နဲ့ ယခု ရက် သတ္တပတ် အတွင်း တိ ကျ တဲ့ အဖြေ ပေးနိုင် ဖို့ မျှော်လင့် နေကြောင်း သိရ ပါတယ် ။

ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို ဟာ တပည့် ဟောင်း အလီ ကို အငှား ဖြင့် ခေါ်ယူ ခွင့် သို့ မ ဟုတ် အပြီး သတ် ဝယ် ယူ ခွင့် ဖြင့် တရားဝင် ကမ်းလှမ်း မှု ပြုလုပ် ထားတာ ဖြစ် ပါတယ် ။

အသက် ၂၄ နှစ် အရွယ် စပါး ကွင်း လယ် ကစား သမား အလီ ဟာ နည်းပြ မော်ရင်ဟို ရဲ့ လက်အောက် မှာ ပွဲထွက် ခွင့် ဆုံးရှုံး နေ သလို တချို့ ပွဲစဉ် များ မှာ အရန် ကစား သမား စာရင်း တွင် ပါဝင် ခွင့် မ ရ ရှိ ခဲ့တာကြောင့် အသင်း မှ အငှား သွား ရောက် ကစား လိုနေတာ ဖြစ်ပြီး ပီအက်စ်ဂျီ က လဲ အလီ ကို ခေါ် ယူ ဖို့ အရှိန် မြှင့် လုပ်ဆောင် နေတာပါ ။

အလီ အနေ နဲ့ ယုံကြည် မှု ကို ပြန် လည် တည်ဆောက် ပြီး အဂ်လန် အသင်း နဲ့ ယူရို ပြိုင်ပွဲ မှာ ဝင်ရောက် ကစား ခွင့် ရရှိ ဖို့ ပွဲ ကစား ချိန် ရ ရှိဖို့ လို အပ် နေတာ ဖြစ်ပါတယ် ။

နည်းပြ ပိုချက်တီနို နဲ့ လက်တွဲ ခဲ့ စဉ်က အလီ ဟာ ခြေစွမ်း အတောက်ပ ဆုံး အချိန် ဖြစ်ခဲ့ ပြီး ကလပ် အသင်း အတွက် ရော နိုင်ငံ အသင်း မှာ ပါ အဓိက ကစား သမား အဖြစ် နေရာ ရ ခဲ့ ပါတယ် ။

အလီ ကို ခေါ် ယူ နိုင်ဖို့ ပြီး ခဲ့တဲ့ နွေရာသီ အပြောင်း အရွေ့ ကာလ မှာ ကတည်း က ပီအက်စ်ဂျီ အသင်း က ကမ်းလှမ်း မှူ ပြုလုပ် ခဲ့ ပေမယ့် စပါး ဥက္ကဌ လီဗိုင်း က ငြင်း ဆို ခဲ့ ဖူးပါတယ် ။

အလီ ဟာ ရှက်ဖီး ကို ၃ – ၁ ဖြင့် အနိုင် ရခဲ့ တဲ့ ပွဲစဉ် မှာလဲ ချန် လှပ် ခံခဲ့ ရပြီး အင်တာ မှာ နေရာ ပျောက် နေတဲ့ အဲရစ်ဆင် ကလဲ စပါး ထံ သို့ ပြန်လည် ရောက်ရှိ လာနိုင်တာ ကြောင့် အလီ အနေ နဲ့ ယူရို ပြိုင်ပွဲ မှာ ပါဝင် ခွင့် ရဖို့ ယခု ဇန်နဝါရီ အပြောင်း အရွေ့ မှာ အသင်း က ထွက်ခွာ ရမှာ ဖြစ် ပါတယ် ။