Spots news

ဖီနာဘာချီမှာ ဟာဇက် နဲ့ အိုဇေးလ် ကို မြင်ရတော့မည်လား

Unicode Version

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး ယခုလက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကိုတော့ တူရကီကလပ် ဖီနာဘာချီ အသင်းဟာ

အငှား ၆လ အပြင် အပြီးအသတ်ခေါ်ယူခွင့် စာချုပ်ဖြင့် ကမ်းလှမ်းလာခဲ့ကြောင်း တူရီကီသတင်းဌာနများ နဲ့ စပိန် သတင်းများက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ ကမ်းလှမ်းချက်များအား ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ လက်ခံသွားဖွယ် ရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ် နည်းပြချုပ် ဇီဒန်းရဲ့ အပြီးအသတ်ဆုံးဖြတ်ချက်အား စောင့်စား နေကျတယ်လို့ သိရှိရပါတယ်။

ဖီနာဘာချီအသင်းဟာ တူရကီထိပ်တန်း အသင်းကြီး တသင်းဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးကို အရ ခေါ်ယူနိုင်ခဲ့သလို

တကယ့်ထိပ်တန်း ကစားသမား ၂ဦးအား တွဲဆော့စေရန်အတွက် ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတဲ့ အီဒင်ဟာဇက်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

အီဒင်ဟာဇက်ဟာ ချဲလ်ဆီးအသင်းမှာ ပွဲစုစုပေါင်း ၃၀၀ ကျော် ကစားပေးခဲ့ပြီး ဂိုး ၁၀၀ကျော် သွင်းယူပေးခဲ့တဲ့ ပရိသတ်အချစ်တော်တဦးဖြစ် ခဲ့ပါတယ်။

ချဲလ်ဆီးမှာအဓိက ကစားသမား ဖြစ်ခဲ့တဲ့ ဟာဇက်ဟာ ထိပ်တန်း ကစားသမား ဖြစ်‌ကြောင်းအကြိမ်ကြိမ် သက်သေ ပြခဲ့ပြီး ပရီးမီးယား လိဂ် ရဲ့အကောင်းဆုံး ကစားသမားဆုကိုလဲ ရရှိခဲ့ ‌ပါတယ်။

သူ့ရဲ့ အိမ်မက်တွေကို တဆင့်မြှင့်တင်နိုင်ဖို့ ၂၀၁၉ ခုနှစ်မှာ အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီး ချဲလ်ဆီးအသင်းကို ကျောခိုင်းသွားခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် ရီးရဲလ် မက်ဒရစ် ကို ရောက်ရှိပြီး ဒဏ်ရာမကြာခန ရရှိခဲ့ကာ အသင်းမှာ သာမန်ကစားသမား ရဲ့ခြေစွမ်း မျိုးသာ ပြသနိုင် ပါသေးတယ်။

မကြာသေးခင်ကမှ အသက် ၃၀ပြည့်ထားတဲ့ ဟာဇက်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲ ၃၀ကျော် ကစားပေးထားခဲ့ပြီး ၃ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။

ဒါဟာ တိုက်စစ်မှူး တယောက်အတွက် ဆိုးဆိုးရွားရွား ခြေစွမ်းမျိုးဖြစ်နေပြီး ဟာဇက်အား ဒဏ်ရာတွေက နှိပ်စက်နေခဲ့ပါတယ်။