Spots news

တစ်ချိန်က ခြေစွမ်းကို ပြန်လည်ပြသ လာခဲ့တဲ့ ဂရစ်ဇ်မန်း

Unicode Version

ဘာစီ လိုနာ ရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်တွိုင်နီ ဂရစ်ဇ်မန်း ဟာ ဒီနှစ် ဘောလုံး ရာသီမှာ ပုံမှန် ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန် နေခဲ့ရပေမယ့်လည်း နောက်ဆုံး ၄ ပွဲ လောက်မှာတော့ ခြေစွမ်းပြ ကစားလာခဲ့ပြီး ဂိုးတွေ ဆက်တိုက် သွင်းယူ နေခဲ့ပါတယ်။

ဘီလ်ဘာအို ကို အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဂရစ်ဇ်မန်းက ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ သလို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ ပွဲမှာလည်း ၂ ဂိုးသွင်း၊ တစ်ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် စပိန် စူပါဖလား ဖြစ်တဲ့ ဆိုစီဒက်နဲ့ပွဲစဉ်မှာ တစ်ဂိုး ဖန်တီးပေးခဲ့ ပြီး ဘီလ်ဘာအို နဲ့ဗိုလ်လုပွဲ မှာလည်း ၂ ဂိုးသွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ ၂-၃ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဖလားတစ်လုံး လက်လွှတ် ခဲ့ရပါတယ် ။

ဇန်နဝါရီလ ၆ ရက်နေ့ ကနေ ၁၇ ရက် နေ့ အထိ ၁၁ ရက်တာ ကာလအတွင်းမှာ ဂရစ်ဇ်မန်းရဲ့ ဂိုးပါဝင် ပတ်သက်မှုက စုစုပေါင်း ၇ ဂိုးထိရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ကိုယ်တိုင် ၄ ဂိုးသွင်းယူပြီး အသင်းဖော် တွေကို ၃ ဂိုး ဖန်တီးပေး နိုင်ခဲ့တာပါ။

အသက် ၂၉ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ ဒီနှစ် ဘောလုံးရာသီ ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင် ကစားပေး ထားခဲ့ရာမှာ တော့ သွင်းဂိုး ၁၄ ဂိုးမှာ တိုက်ရိုက် ပါဝင်ပတ်သက် နေခဲ့ပါတယ်။ ကိုယ်တိုင် ၉ ဂိုးသွင်းယူပြီး အသင်းဖော် တွေကိုတော့ ၅ ဂိုးဖန်တီးပေးထား ခဲ့တာပါ။