Spots news

လင်ဂတ်ကို ရောင်းချဖို့ထက် အငှားချဖို့ပင် မစဉ်းစားတဲ့ နည်းပြ ဆိုလ်းရှား

Unicode Version

ပုံမှန် ပွဲ ထွက် ခွင့် မရ ရှိနေတဲ့ လင်ဂတ် ဟာ အသင်း က နေ ထွက်ခွာ သွားချင် နေ ပေမ ယ့် နည်းပြ ဆိုလ်းရှား က လင်ဂတ် ကို ရောင်းချ ဖို့ သို့ မ ဟုတ် အငှား ချ ဖို့ ပင် စဉ်းစား ထား ပုံ မရှိကြောင်း ESPN သတင်း ဌာန က ဖော်ပြ ထားပါတယ် ။

လင်ဂတ် ကို ခေါ်ယူ ရန် အင်တာမီလန် ၊ ၀က်စ်ဟမ်း ၊ စပါး ၊ ရှက်ဖီးလ် ၊ ပေါ်တို ၊ မာဆေးလ် နဲ့ နိုက်စ် အသင်းတွေ က စိတ် ဝင်စား နေကြ ပေမယ့် လင်ဂတ် ရဲ့ အပြောင်း အရွေ့ ဟာ လက်ရှိ အသင်း မှာ အာဏာ ကုန် ရနေတဲ့ ဆိုးလ်ရှား အပေါ် မှာ မူ တည် နေတာ ဖြစ်ပါတယ် ။

ကစား သမား ဟာ ပုံမှန် ခြေစွမ်း ရ ရှိဖို့ အချိန် အတော် ကြာ အောင် စောင့် စား နေ ပေမယ့် ပုံမှန် ပွဲထွက် ခွင့် မရ ရှိ မှု ၊ ကိုဗစ် ကြောင့် သီး သန့် နေ ခဲ့ရ မှု နဲ့

အသင်း ရဲ့ ပွဲ ကြပ် ကာလ ရုန်းကန် နေခဲ့ ရ မှု ‌တို့ကြောင့် လင်ဂတ် ဟာ ပုံမှန် ‌ခြေစွမ်း ပြန် မ ရ သေးပေ မယ့် အသင်း ရဲ့ အနာဂတ် အစီ အစဉ် တွေမှာ အရေး ပါ လာမည် ဟု နည်းပြ ဆိုလ်းရှား က ယုံ ကြည် နေတာ ပါ

ဂျက်ဆီ လင်ဂတ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုး ထား တာ မ ကြာ သေးပေ မယ့် ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ တော့ ၃ ပွဲ သာ ပါဝင် ကစား ထားရ သေးပြီး လိဂ် ပွဲ လုံးဝ မ ပါဝင် ထားနိုင် ပဲ ကာရာဘောင် နဲ့ အက်ဖ်အေ နှစ်ခု ပဲ ပါဝင် ကစား ရသေး ပါတယ် ။

လင်ဂတ် က ယူနိုက်တက် မှာ ပြန်လည် ပွဲ ထွက် ခွင့် ရလိုနေပြီး ဆိုးလ်ရှား ကလဲ စပွဲကျပ် တွေ အများ အပြား ကစား ရမယ့် အခြေ အနေ ဖြစ်နေ လို့ ကစား သမား ကို အသုံး မပြု နိုင် သေး ပေမယ့်

အသင်း မှာ ဆက် ထိန်းထား ချင် နေပါတယ် ။ လင်ဂတ် ဟာ အသင်း နဲ့ ၁ နှစ် သက်တမ်း တိုးစာချုပ် ချုပ် ဆို ခဲ့ပြီး နောက် ၂၀၂ ၂ ခုနှစ် မှ စာချုပ် သက်တမ်း ကုန် တော့မှာ ဖြစ်ပါတယ် ။