Unicode Version
လီဗာပူး အသင်းနဲ့ ဂိုးမရှိ သရေ ကျခဲ့ပြီး နောက် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ သူ့ရဲ့ ကစား သမား ဘဝ အကြိမ် ၁၅၀ မြောက် ပေးဂိုး မဲ့ပွဲကို အရယူ သွားနိုင် ခဲ့ပါတယ် ။
ယခု ဇန်နဝါရီ အပြောင်း အရွှေ့ ကာလ အတွင်း အသင်းမှ ထွက်ခွာ ရန် နီးစပ် နေသည့် ကွင်းလယ် တိုက်စစ် ကစား သမား လင်ဂတ်ကို
မန်ယူအသင်း နည်းပြ ဆိုးလ်ရှားက အသင်း ၌ပင် ဆက်လက် ထားရှိရန် ဆန္ဒရှိ နေကြောင်း EPSN သတင်း ဌာနက ဖော်ပြခဲ့ ပါတယ်။
မိုနာကို အသင်း ဟာ ရီးရဲလ် အသင်း ဘယ်နောက်ခံလူ မာဆယ်လို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ အေအက်စ် သတင်းဌာန က ဖော်ပြခဲ့ပြီး ယူရို ၁၈ သန်း ၃ နှစ် စာချုပ် နဲ့ ကမ်းလှမ်းဖွယ် ရှိနေ ပါတယ်။
ဘာစီ လိုနာ တိုက်စစ်မှူ မက်ဆီ ဟာ စပိန် စူပါဖလား ဗိုလ်လုပွဲက အနီကတ် အတွက် ၁၂ ပွဲပြစ်ဒဏ် ကျခံ ရမယ် လို့ သတင်း ထွက် ခဲ့ပေမယ့် ၂ ပွဲပယ် အပြစ်ဒဏ် သာ ကျခံခဲ့ ရပါတယ် ။
ဒေးဗစ် အလာဘာ ဟာ ရီးရဲလ် အသင်း ကို ၄ နှစ်စာချုပ် နဲ့ ပြောင်းရွှေ့ ဖို့ သဘော တူညီခဲ့ ပြီ လို့ သတင်း တွေက အခိုင်အမာ ဖော်ပြ လာခဲ့ကြ ပြီပဲ ဖြစ်ပါတယ်။ လာမယ့် အပြောင်း အရွှေ့မှာ ပြောင်းရွှေ့ မယ်လို့ သိရ ပါတယ်။
အေစီ မီလန် အသင်း ဟာ ဝါရင့် တိုက်စစ်မှူးကြီး မန်ဇူကစ် ကို ခေါ်ယူ စာချုပ် ချုပ်သွား ခဲ့ပြီ ဖြစ်ပါတယ်။
အေစီ အသင်းဟာ ဆုဖလား အတွက် အားဖြည့် မှု တွေ လုပ်နေပြီး တိုက်စစ် အတွက် ဦးစားပေး ခေါ်ယူ နေတာ ဖြစ်ပါတယ်။