Spots news

ဖူလ်ဟမ် နဲ့ ပွဲမှာ ပါဝင်လာနိုင်တဲ့ ယူနိုက်တက် လူငယ် တိုက်စစ်မှူးလေး ဒိုင်ယာလို

Unicode Version

မန်ချက် စတာ ယူနိုက်တက် နည်းပြ ဆိုလ်းရှားက တော့ အသစ် ခေါ်ယူ ထားတဲ့ လူငယ် တောင်ပံ ကစား သမားလေး အာမတ် ဒိုင်ယာလို ရဲ့ ခြေစွမ်း ကို ကြည့်ရှု ရန်

ယူနိုက်တက် ပရိတ်သတ် များ အနေနဲ့ အကြာ ကြီး စောင့်ရန် မလို တော့ ပဲ ဗုဒ္ဓဟူး နေ့မှာ ယှဉ်ပြိုင် မယ့် ဖူလ်ဟမ် နဲ့ ပွဲစဉ် မှာ ပါဝင်လာ နိုင်ကြောင်း ပြောဆို လိုက် ပါတယ်။

“ သူ့ ရဲ့ တိုးတက်မှု တွေ Training မှာ လုပ်ပြ နိုင်နေ ပါတယ် ။ အသင်းနဲ့ လိုက်လျော ညီထွေစွာ ပူးပေါင်း လုပ်ဆောင်မှု တွေ သိပ်ကောင်း နေပါတယ် ။

Training မှာလဲ အရမ်းကို ကြိုးစား သူပါ။ နောက် ပွဲစဉ် တွေမှာ သူမပါ ဘူးလို့ ဘယ်သူ ပြောနိုင်လဲ ” ဟု ပြောကြား ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက အတ္တလန္တာ အသင်းမှ လူငယ် တိုက်စစ် ကစားသမား အာမတ် ဒိုင်ယာလို ကို

ပြောင်းရွေ့ ကြေး ပေါင် သန်း ၂၀ အထိ ပေးချေ ထားပြီး အပို ဆုကြေး တွေ ပါ ပေါင်းထည့် လိုက် ပါက ပေါင် ၃၇ သန်း အထိ ရင်းနှီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြီး ခဲ့တဲ့ အပြောင်း အရွေ့ ကာလ က တည်းက အပြောင်း အရွေ့ ဖြစ် မြောက် ခဲ့ ပေ မယ့် အလုပ်ပါမစ် ကိစ္စ တွေ ကြောင့် အသင်းကို ချက်ချင်း လာ ရောက် မပူးပေါင်း နိုင် သေးတဲ့ ဒိုင်ယာလို လေး ကို

သူ့ရဲ့ မိခင် ကလပ် ဖြစ်တဲ့ အတ္တလန္တာ မှာပဲ ဆက် ကစား စေခဲ့ပြီး ယခု ဇန်န ဝါရီ မှာတော့ ယူနိုက်တက် ကို ရောက်ရှိ လာခဲ့ တာပါ။

ယူနိုက်တက် ပရိသတ်တွေ က လဲ တန်လာ‌နေ့ ညက လက်စတာ လူငယ် အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ ပွဲစဉ် မှာ ယူနိုက်တက် ယူ-23 အသင်း လူစာရင်း မှာ အိုင်ဗရီကို့ ကြယ်ပွင့် တိုက်စစ် ကစား သမား ဒိုင်ယာလို မပါဝင် ခဲ့တာကို သတိထား မိခဲ့ကြ ပြီး စီနီယာ အသင်းကြီး အတွက် ဖူလ်ဟမ် နဲ့ ပွဲစဉ် မှာ ပါဝင် လာနိုင်ကြောင်း ခန့်မှန်း ထားကြ ပါတယ်။

Zawgyi Version









