Spots news

နောဝစ်ခ်ျ က ဘွန်ဒီယာ ကိုချိန်ရွယ်နေတဲ့ အာဆင်နယ် နဲ့ မနက်ခင်းသတင်းတိုများ

Unicode Version

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ တနင်္ဂနွေနေ့က ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးအကြိမ် ပြသခံခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်အတွက်

၂ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ကော်နယ်လာ(စပိန်ဘုရင့်ဖလား)၊ အယ်လ်ချီ(လာလီဂါ)တို့နဲ့ကစားရမယ့်ပွဲတွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နောဝစ်ချ်အသင်းကွင်းလယ်လူ ဘွန်ဒီယာကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၄၀ ကနေ သန်း ၅၀ ကြား သုံးစွဲရဖွယ်ရှိနေတယ်လို့ စကိုင်းစပို့တ်သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ အိုဇေးလ် ရဲ့ နေရာကို အစားထိုးဖို့ အသက် ၂၄ နှစ်အရွယ်ရှိ ဘွန်ဒီယာကို စိတ်ဝင်စားနေတာဖြစ်ပြီး ဘွန်ဒီယာနဲ့ပတ်သက်လို့ သူ့ရဲ့အေးဂျင့်ထံ ဆက်သွယ်ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေအရ ဘာစီလိုနာ အသင်းဟာ ဘယ်လာရင်ကို ပြန်လည်ခေါ်ယူချင်နေပြီး ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုကလည်း ဘယ်လာရင်ကို စိတ်ဝင်စားနေပါတယ်။

ဘယ်လာရင်ဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ပေါင် ၁သိန်း၁သောင်း ရရှိနေပြီး အသင်းနဲ့ ၂၀၂၃ အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပါတယ်။

အေစီမီလန် အသင်း ဟာ ၎င်းတို့ရဲ့ ပထမ ဦးစားပေး ပစ်မှတ် အဖြစ် ချဲလ်ဆီး အသင်း ရဲ့လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ကို ရာသီဝက် အငှား နဲ့ ခေါ်ယူနိုင်တော့မယ် လို့ သိရပါတယ်။

ဗဟို ခံစစ် အပိုင်းမှာ အဓိက နောက်ခံလူတွေ ဒဏ်ရာ ပြဿနာ ကင်းရှင်းနေပေမယ့် ၊ အရန် အင်အားမှာ နည်းပြ ဖြစ်သူ ပီအိုလီ အတွက် လုံလောက်မှု မရှိဘူး လို့ ယူဆရတဲ့အတွက် ၊ အေစီ မီလန် အသင်း ဟာ ချဲလ်ဆီး ကြယ်ပွင့် တိုမိုရီ ကို အငှားနဲ့ ခေါ်ယူခြင်း ဖြစ်ပါတယ် ။