Spots news

အဆင့် ၁ကို ရောက်လာတဲ့ လတ်စတာ ၊ အဆင့် ၈ ရောက် သွားတဲ့ ချဲလ်ဆီး

Unicode Version

မနေ့ည က ယှဉ်ပြိုင်ခဲ့တဲ့ လတ်စတာ အသင်း နဲ့ ချဲလ်ဆီး အသင်းပွဲစဉ်မှာ လက်စတာအသင်းဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးကို ၂-၀ ဂိုးနဲ့ အနိုင် ရ ခဲ့ပါတယ်။

အဆိုပါ အရှုံးကြောင့် ဖိအားတွေကို ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး နည်းပြ ရဲ့‌ နည်း ပြ ရာထူး ဟာ သိသိ သာသာ လှုပ်ခတ် လာခဲ့ပါတယ်။

လူစုံ တက်စုံ နဲ့ ပွဲထွက် လာခဲ့တဲ့ လက်စတာအသင်းဟာ ဗာဒီကို အထောင်ထားပြီး တောင်ပံနှစ်ဖက်မှာ ဘန်းစ်၊ အော်လ်ဘရိုက်တန် တို့ပါဝင်ခဲ့ပြီး မတ်ဒီဆန်၊ တီလေမန်းစ်၊ ရှမိုက်ကယ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ် ။

လမ်းပတ်ကတော့ ဒီပွဲမှာ တိုက်စစ်မှာ အေဘရာဟမ်ကို ပူလီဆစ်၊ အိုဒွိုင်းတို့ကို ပွဲထုတ်ခဲ့ကာ ကွင်းလယ်မှာတော့ ဟာဗက်ဇ်၊ ကိုဗာဆစ်၊ မေဆန်မောင့်တို့ကို အသုံးပြုခဲ့ပါတယ်။ ဝါနာ ကတော့ အရံခုံမှာ ရှိခဲ့ပါတယ်။

ပွဲကို ဘောလုံးပိုင်ဆိုင်မှု နဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ ချဲလ်ဆီး ဟာ ပွဲအစ ‌၆ မိနစ်မှာပဲ တစ်ဂိုး ပေးလိုက်ရပြီး မတ်ဒီဆန်၊ အော်လ်ဘရိုက်တန်တို့ရဲ့ တွဲလုံးကနေ အော်လ်ဘရိုက်တန် ချပေးတာကို

ဧရိယာထဲမှာ ရှိနေတဲ့ ဘန်းစ် ကန်သွင်းရာမှာ ချော်သွားခဲ့ပေမဲ့ နောက်က အသင့်စောင့်နေတဲ့ အန်ဒီဒီက ဧရိယာအပြင်ဘက်က ကန်သွင်းကာ လက်စတာအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့တာပါ။

ဂိုးပေးရပြီးတဲ့ နောက် ချဲလ်ဆီး အသင်း တရစပ် တိုက်စစ်ဆင်လာခဲ့ပြီး ရစ်ဂျိမ်းစ် ရဲ့ ကန်ချက် ၊သီယာဂို ဆေးလ်ဗယး ရဲ့ ခေါင်းတိုက် ချက်တွေကို ရှမိုက်ကယ် ကာကွယ် ခဲ့ရပါတယ်။

လတ်စတာ ရဲ့ မတ်ဒီဆင် ရဲ့ ကံချက် တိုင်ထိခဲ့မှု နဲ့ အော်လ် ဘရိုက်တန်ရဲ့ ကန်ချက်ကို မန်ဒီ ပုတ်ထုတ်နိုင်ခဲ့လို့သာ ချဲလ်ဆီး သက်သာ ခဲ့ ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာ အော်လ်ဘရိုက်တန် ကွင်းလယ်ကနေ မပေးတာကို မတ်ဒီဆန်က ရီးစ်ဂျိမ်းစ်နဲ့ အပြိုင်ပြေးဝင်ကာ ပိတ်သွင်းယူ ခဲပြီး လတ်စတာ အသင်းကို ၂ ဂိုး ပြတ် ဦးဆောင်စေခဲ့ပါတယ်။

ချဲလ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ အိုဒွိုင်းနဲ့ ဟာဗက်ဇ်တို့ကို ထုတ်ပြီး ဗာနာနဲ့ ဇီယာ့ရှ်တို့ကို ထည့်သွင်းကစားခဲ့ ပေမယ့်

လက်စတာ ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ခက်ခဲခဲ့သလို၊ လက်စတာရဲ့ တန်ပြန်တိုက်စစ်တွေကြောင့်လည်း အခက်တွေ့ခဲ့ရပါတယ်။

ပွဲပြီးဆုံး ချိန်မှာတော့ လက်စတာ အသင်းဟာ ၂-၀ ဖြင့် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးနေရာကို ရောက်ရှိသွားပြီဖြစ်သလို နည်းပြ ဘရန်ဒန်ရော်ဂျာဟာလဲ

ချဲလ်ဆီးအသင်းကို မနိုင်ဖူးတဲ့စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဒီရာသီ ၆ ပွဲမြောက်အရှုံးနဲ့အတူ အဆင့် ၈ နေရာ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။