Spots news

ပေ့ါဘာကို မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိစေချင်သေးတဲ့ ဘာဘာတော့ဗ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ရာသီအစ ပိုင်းမှာ အသင်းနဲ့ အနည်းငယ် အဆင်မပြေမှုများ ရှိခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ

မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာ ဆက်ရှိစေချင်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲဆက် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို

ပြသထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ဆက်တိုက် ဆိုသလို ပါဝင် လာခဲ့ပါတယ်။

ပေါ့ဘာ ဟာ ယူနိုက်တက်နဲ့ စာချုပ် တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ပေါ့ဘာကို ခေါ်ယူရန် ဂျူဗင်တပ်စ် ၊ ပီအက်စ်ဂျီ စတဲ့ အသင်း များက စုံစမ်းမှု များ ပြုလုပ် နေကြပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့် ဖြစ်သူ ရွိင်အိုလာက ယူနိုက်တက် နဲ့ ပေါ့ဘာ ရဲ့ ဇာတ်လမ်း  ပြီးဆုံး သွားပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဘာဘာတော့ဗ် ကတော့ ပေ့ါဘာရဲ့ အသင်း‌အပေါ် ပေးဆပ် ကစားနေမှုကို ချီးကျူး သွားခဲ့ပြီး

လီဗာပူး နဲ့ ပွဲစဉ်က ခြေစွမ်းပြ ခဲ့တဲ့ ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက် မှာ ဆက်လက် မြင်တွေ့ချင်ကြောင်း ဆိုခဲ့ပါတယ်။

ဘာဘာတော့ဗ်က “ သူ့ရဲ့ အကောင်းဆုံး ကစားပုံတွေ ၊ ကြားဖြတ်လုယူမှုတွေ ၊ ပွဲကို ထိန်းချုပ်ထားတာတွေ မမြင်ရတာ ကြာခဲ့ပြီ။ လီဗာပူးနဲ့ ပွဲမှာလဲ ပါဝင်လာခဲ့ပြီး

ကျွန်တော့်ကို သဘောကျစေခဲ့တယ်။ ပွဲထွက် လူစာရင်းမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ပွဲကို ထိန်းချုပ်ခဲ့တယ်။ ခံစစ်ကို ကူညီတယ် ၊ ကြားဖြတ်လုယူတယ် ။

“ သူဟာသိပ်ကို ကောင်းပါတယ်။ လီဗာပူးနဲ့ ပွဲမှာ ဂိုးမရခဲ့ပေမယ့် သူ့ရဲ့ ဂိုးတွေ မြင်လာရ ဦးမှာပါ။ သူဟာ အသင်းအတွက် ၁၀၀ ရာခိုင်နှုန်း ပုံအောထားပါ သေးတယ်။

သူ့ ရဲ့ စွမ်းဆောင်ရည် တွေ မြင်လာရ ဦးမယ်။ သူ့လို ကစားသမားမျိူး အများကြီး မရှိတဲ့ အတွက် သူ့ကို ယူနိုက်တက်မှ ဆက် မြင်ချင် ပါသေးတယ် ” ဟု ပြောကြားသွား  ခဲ့ပါတယ်။