Spots news

လမ်းပတ်ရဲ့ နေရာအစားထိုးဖို့ နည်းပြ ရှာဖွေနေတဲ့ ချဲလ်ဆီး

Unicode Version

မနေ့ည က ယှဉ်ပြိုင်ခဲ့တဲ့ လတ်စတာ အသင်း နဲ့ ချဲလ်ဆီး အသင်းပွဲစဉ်မှာ လက်စတာ အသင်းဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးကို ၂-၀ ဂိုးနဲ့ အနိုင် ရ ခဲ့ပါတယ်။

အဆိုပါ အရှုံးမှာ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ၈ ပွဲ ကစားရာ ၅ ပွဲ အထိရှုံးနိမ့် ခဲ့တာပါ။

အဆိုပါ အရှုံးကြောင့် ဖိအားတွေကို ရင်ဆိုင် နေရတဲ့ ချဲလ်ဆီး နည်းပြ လမ်းပတ် ရဲ့‌ နည်း ပြ ရာထူး ဟာ တဖြည်းဖြည်း ထုတ်ပယ် ခံရဖို့ နီးစပ် လာ ခဲ့ပါတယ်။

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီကုန် အပြောင်း အရွေ့မှာ ပေါင် သန်း ၂၀၀ ကျော် အသုံးပြု ကာ အသင်း ကို အင်အား ဖြည့်တင်း ခဲ့ ပေ မယ့်

လက်ရှိ အချိန်မှာ အဆင့် ၈ နေရာ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ချန်ပီယံ မျှော်လင့်ချက် နဲ့ ဝေးကွာ ခဲ့ရသလို ခြေစွမ်းဟာလဲ အားရစရာ မရှိ ဖြစ်ခဲ့ပါတယ်။

ထို့ကြောင့် ချဲလ်ဆီး အသင်း အနေနဲ့ လမ်းပတ် ရဲ့ နေရာကို အစားထိုး ရန် အတွေ့ အကြုံ ရင့် နည်းပြ ကို ရှာဖွေ နေကြောင်း သတင်း များက ဖော်ပြ လာခဲ့ ပါတယ်။

ချဲလ်ဆီး အသင်း ဟာ တနဂ်နွေနေ့ မှာ FA cup ပြိုင်ပွဲ အဖြစ် လူတန် အသင်း နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ထိုပွဲစဉ်ရဲ့ ရလဒ်ဟာ လမ်းပတ် အတွက် နောက်ဆုံး အဆုံး အဖြတ် ဖြစ်နိုင်ကြောင်း သတင်းများက ရေးသား ထားပါတယ်။

ချဲလ်ဆီး အသင်း ဟာ လက်ရှိ အချိန်မှာ နည်းပြ သစ် ရှာဖွေ‌ လျက်ရှိပြီး ပီအက်စ်ဂျီမှ နည်းပြဟောင်း တူချယ် က ချဲလ်ဆီး နည်းပြ သစ် ဖြစ်လာ ဖို့ ရေပန်းစား‌‌နေ ပါတယ်။

အယ်လီဂရီ သည် လည်း ချဲလ်ဆီး မန်နေဂျာဖြစ်လာရေး ဆွေးနွေးမှု များရှိ ကြောင်း သတင်းများက ဖော်ပြ နေပါတယ်။

ချဲလ်ဆီး အသင်း နည်းပြ ရာထူး အတွက် အခြား ရေပန်းစား နေသူများ ကတော့ ပရီးမီးယားလိဂ် မှ ဘရန်ဒန်ရော်ဂျာစ် နှင့် ဟန်ဆယ် ဟတ်တီ တို့ ဖြစ်ပြီး

လိုက်ပ်ဇစ် အသင်းတွင် လူငယ် ကစားသမားများ အား အကောင်းဆုံး အသုံးပြု နိုင်သော နာဂယ်စ်မန်း တို့ ဖြစ်ကြ ပါတယ်။