Unicode Version
မန်ချက်စတာ ယူတိုက်တက် အသင်းဟာ လက်ရှိအပြောင်းအရွှေ့ ဈေးကွက် အတွင်း ပြင်သစ်ကလပ် လန့်စ် အသင်း နောက်ခံလူ မီဒီနာကို ခေါ်ယူဖို့ ကြိုးစား နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဇန်နဝါရီ အပြောင်း အရွေ့ ကာလ မှာ ခေါ်ယူ ထားတဲ့ အာမက် ဒိုင်ယာလို ဟာ ယူနိုက်တက် ကို လာရောက် ပူးပေါင်းနိုင် ခဲ့ပြီး နောက် မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အပြောင်း အရွေ့က
ဒါပဲလား ဟု ထင်မှတ်ခဲ့ ရပေမယ့် ယူနိုက်တက် တို့ဟာ ၂၀၂၁ အတွင်း ကစားသမား လေးယောက် အထိ ခေါ်ယူ အားဖြည့် မည် ဖြစ်ကြောင်း သိရ ပါတယ်။
နည်းပြ ဆိုလ်းရှား ဟာ ညာနောက်ခံလူ ၊ ကွင်းလယ် အဖျက် ၊ ညာတောင်ပံ တိုက်စစ် နဲ့ ဗဟို နောက်ခံ လူတို့ကို ခေါ်ယူဖို့
ရည်ရွယ်ထားပြီး အာဂျင်တီးနား နောက်ခံလူ မီဒီနာ ဟာ ဗဟိုခံစစ် နဲ့ ညာတောင်ပံ ခံစစ်မှာ ကျွမ်းကျင်စွာ ကစားနိုင်သူပါ။
ဘရိုက်တန် မှ ဘန်ဝှိုက် ၊ လိုက်ပ်ဇစ်မှ အူပါ မီကာနို တို့ကို ပစ်မှတ်ထား နေတဲ့ ယူနိုက်တက် အနေနဲ့ အသင်းတိုင်းက ခေါ်ယူဖို့
စိတ်ဝင်စားနေတဲ့ အဆိုပါ ကစားသမား တွေထက် လန့်စ် နောက်ခံလူ မီဒီနာ ရဲ့ အပြောင်းအရွေ့က ပိုမို အကျိုးရှိ နိုင်ကြောင်း သတင်းများ ကဆိုပါတယ်။
အသက် ၂၁ နှစ် အရွယ် မီဒီနာ ဟာ ယူနိုက်တက် လိုအပ် နေတဲ့ ဗဟိုခံစစ် နဲ့ ညာ နောက်ခံ လူ နေရာ ကစားနိုင်စွမ်း ရှိသူ ဖြစ် တာကြောင့်
နည်းပြ ဆိုလ်းရှားက ပေါင် ၁၀ သန်း ဝန်းကျင် ဖြင့် စတင် ကမ်းလှမ်းပြီး ခံစစ် အင်အား ဖြည့်တင်း မှာပဲဖြစ်ပါတယ်။