Spots news

အနိုင်သုံးမှတ် အတွက် ပြင်ဆင်လာမယ့် မန်ချက်စတာ ယူနိုက်တက် လူစာရင်း

Unicode Version

ယနေ့ည ၂ နာရီ ၄၅ မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပရီးမီးယား လိဂ် အဝေးကွင်း ပွဲစဉ် အဖြစ် ဖူလ်ဟမ် အသင်း နဲ့ ယှဉ်ပြိုင် ရတော့ မှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက် အနေနဲ့ အနိုင် သုံးမှတ် သေချာ စေဖို့ ပြင်ဆင် လာမှာ ဖြစ်ပေမယ့် ဖူလ်ဟမ် နဲ့ ပွဲစဉ်ပြီး ရင် လီဗာပူး နဲ့ Fa cup ပွဲစဉ် ရှိနေ ‌သေးတာကြောင့် အဓိက ကစားသမား အချို့ကို အနားပေး လာဖွယ် ရှိ ပါတယ်။

ယူနိုက်တက် အနေ နဲ့ အဆင့် တစ်က လတ်စတာ နဲ့ သုံးက မန်စီးတီး တို့ နဲ့လဲ အမှတ် ကွာဟ မှု မရှိသလို ပြီး ခဲ့တဲ့ လီဗာပူးနဲ့ အန်ဖီးလ် မှာ ယှဉ်ပြိုင် ခဲ့တဲ့ ပွဲစဉ် မှာလဲ

သရေ တစ်မှတ် သာ ရရှိ ခဲ့တာကြောင့် ဖူလ်ဟမ် နဲ့ပွဲစဉ်မှာ အမှတ်ပြည့် သေချာ စေဖို့ နည်းပြ ဆိုးလ်ရှား အစွမ်းကုန် ပြင်ဆင် လာမှာ ဖြစ်ပါတယ်။

နောက်တန်း မှာတော့ ညာစွန်မှာ ဝမ် ဘစ်ဆာကာ ပွဲထွက် လာဖို့ ရှိပြီး ဘယ်စွန်မှာ ကတော့ လုရှော ကို အနား ပေးပြီး တဲလက်စ် နဲ့ ပွဲထွက် လာဖွယ်ရာ ရှိပါတယ်။

လီဗာပူး နဲ့ပွဲစဉ်မှာ အကောင်းဆုံး ကစားပြ ခဲ့တဲ့ လုရှော ကို Fa cupပွဲစဉ် အတွက် အနား ပေးဖွယ် ရှိ နေပါတယ်။

မက်ဂွိုင်းယား နဲ့ လင်ဒီလောဖ့် အတွဲထက် စာရင် ‌လင်ဒီလော့ဖ် ကို အနား ပေးပြီး  အန်ဖီးလ် မှာ ပွဲထွက်ခွင့် မရခဲ့တဲ အဲရစ်ဘိုင်လီ ကို မက်ဂွိုင်းယား နဲ့ ပွဲထွက် လာမှာပါ။

လီဗာပူး နဲ့ Fa cup ပွဲစဉ် အတွက် ဖရတ် ၊ မက်တော်မီးနေး တို့ကို ချန်ထားခဲ့ နိုင်ပြီး မာတစ် ၊ ပေါ့ဘာ ၊ ဘရူနို ဖာနန် ဒက် တို့ရဲ့ ကွင်းလယ် အားက ဖူလ်ဟမ် ရဲ့ ကွင်းလယ် ကို ယှဉ်ဖို့ လိုတာထက် ပိုနေပါ သေးတယ်။

ဘရူနို အနေ နဲ့လဲ လီဗာပူး နဲ့ ပွဲစဉ်က ပျောက်ဆုံး ခဲ့မှုကို ပြန်လည် ချေဖျက် ပြဖို့ အခွင့်အရေး တစ်ခု ဖြစ်ပြီး

ပေါ့ဘာ ကတော့ ယူနိုက်တက် အနေနဲ့ သူ့ကို လိုအပ်သေး ကြောင်း နောက်ပိုင်း ပွဲစဉ်တွေမှာ အကြိမ်ကြိမ် သက်သေ ပြနေသူပါ။

ဂိုးပြတ် ခဲ့ရင် ဘရူနို ဖာနန်ဒက်စ် ကို အနားပေးပြီး ဗန်ဒီဘိခ် ကို လူစားလဲ ကစားနိုင် ချေ ရှိနေပါတယ်။

မားကပ် ရပ်ရှ်ဖို့ ၊ ကာဗာနီ ၊ ဂရင်းဝုဒ် တို့က ယနေ့ည အကောင်းဆုံး တိုက်စစ် အတွဲ အဖြစ် ပွဲထွက် လာမှာ ဖြစ်ပြီး မာရှယ်ကို ချန်ထား နိုင်ချေ ရှိပါတယ်။

လီဗာပူးနဲ့ ပွဲမှာ ဖာနန်ဒက် နဲ့ လူစားလဲ ခဲ့ရတဲ့ ဂရင်းဝုဒ် ကတော့ ယနေ့ည ပွဲထွက် လာမှာ အသေချာပါပဲ။ ယူနိုက်တက် ညာခြမ်းမှာ သူ့ကို တွေ့ရ ပါလိမ့်မယ်။