Spots news

သိသိသာသာလိုအပ်နေတဲ့ ညာတောင်ပံအတွက် ဆန်ချိုကို ကမ်းလှမ်းနေဆဲ မန်ယူ

Unicode Version

မန်ယူ အသင်းဟာ ဒေါ့မွန်လူငယ် ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့ ကာလကြာရှည် ချိတ်ဆက် နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ကာလ တစ်လျှောက်လုံး မှာလည်း

မန်ယူ ဖက်က ဆန်ချိုကို ခေါ်ယူဖို့ တောက်လျှောက် ကြိုးစားခဲ့ ပေမယ့် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေ ခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ ပါဘူး။

ဒါပေမယ့် မန်ယူ အသင်း အနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့ခြင်း မရှိသေးဘဲ လက်ရှိ အချိန်ထိ ချိတ်ဆက်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဒေါ့မွန် အသင်းဖက် ကတော့ သူတို့ရဲ့ကြယ်ပွင့် ကစားသမားကို ရာသီဝက် ကာလမှာ လုံးဝ လက်လွှတ် သွားမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

အဆိုပါ ကစားသမား အတွက် ဒေါ့မွန်ဖက် က ယူရိုသန်း ၁၂၀ ထိ အလိုရှိ နေခဲ့ တာဖြစ်ပြီး မန်ယူ ကတော့

သန်း ၉၀ နဲ့ ၁၀၀ ကြား လောက်ပဲ ပေးချေဖို့ ဆန္ဒရှိ နေတာကြောင့် လည်း အခုလိုအပြောင်းအရွှေ့ က ကြန့်ကြာ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူအသင်း ဟာ ညာတောင်ပံတိုက်စစ် ကစားသမား တစ်ဦးကို ကာလကြာရှည် လိုအပ်နေခဲ့တာ ဖြစ်ပြီး ဆန်ချိုကလည်း

ဒီနေရာမှာ အထူး ခြေစွမ်းပြ ကစားနိုင် သူ ဖြစ်တာ ကြောင့် မန်ယူအသင်း အနေနဲ့ စျေးတိုးမြှင့် ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထား ကြပါတယ်။

အသက် ၂၀ အရွယ် သာ ရှိသေးတဲ့ အင်္ဂလန်တောင်ပံ ကစားသမား ဆန်ချို ဟာ ဒီရာသီဒေါ့မွန် အသင်း အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင် ကစားပေးထား ခဲ့ရာ မှာတော့

သွင်းဂိုး ၁၇ ဂိုး မှာ တိုက်ရိုက် ပါဝင် ပတ်သက် နေခဲ့ ပါတယ်။ ကိုယ်တိုင် ၆ ဂိုး သွင်းယူ ပေးထားပြီး အသင်းဖော် တွေ ကိုတော့ ၁၁ ဂိုး ဖန်တီး ပေးနိုင် ခဲ့တာပါ။