Spots news

ဖူလ်ဟမ် နဲ့ ပွဲမှာ အဓိက ကစားသမား သုံးဦး ကို အနားပေးလာဖွယ်ရှိတဲ့ ဆိုးလ်ရှား

Unicode Version

ယနေ့ည ၂ နာရီ ၄၅ မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပရီးမီးယား လိဂ် အဝေးကွင်း ပွဲစဉ် အဖြစ် ဖူလ်ဟမ် အသင်း နဲ့ ယှဉ်ပြိုင် ရတော့ မှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက် အနေနဲ့ အနိုင် သုံးမှတ် သေချာ စေဖို့ ပြင်ဆင် လာမှာ ဖြစ်ပေမယ့် ဖူလ်ဟမ် နဲ့ ပွဲစဉ်ပြီး ရင် လီဗာပူး နဲ့ Fa cup ပွဲစဉ် ရှိနေ ‌သေးတာကြောင့် အပြင်

အခြားအကြောင်း အရာ တစ်ခုကြောင့် အဓိက ကစားသမား အချို့ကို အနားပေး လာဖွယ် ရှိ ပါတယ်။

ယူနိုက်တက် ကစားသမား ၃ ဦး ဖြစ်တဲ့ မက်ဂွိုင်းယား ၊ ဖာနန်ဒက်စ် နဲ့ လုရှော တို့ဟာ ဖူလ်ဟမ် နဲ့ပွဲမှာ အဝါကတ် ထိခဲ့ရင် တစ်ပွဲစီ လွဲချော်ဖွယ် ရှိနေပါတယ်။

အဆိုပါ ကစားသမား ၃ ဦးဟာ ဒီရာသီ အဝါကတ် ၄ ကြိမ် အထိ ပြည့်ထား ခဲ့တာကြောင့် နောက်တစ်ကြိမ် အဝါကတ် ထိခဲ့ရင် တစ်ပွဲပယ် ခံရမှာ ဖြစ်ပါတယ်။

ဆိုးလ်ရှား အတွက်တော့ အဆိုပါ ကစားသမား ၃ ဦး ဟာ အရေးကြီး တာကြောင့် ဖူလ်ဟမ် နဲ့ပွဲ မှာ အပြောင်းအလဲ လုပ်ရဖွယ် ရှိနေ ပါတယ်။

တကယ် လို့သာ အဆိုပါ ကစားသမား ၃ ဦးစလုံး ဖူလ်ဟမ်နဲ့ ပွဲမှာ အဝါကတ် အပြခံ ရရင် ရှက်ဖီးလ်နဲ့ပွဲကို လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မက်ဂွိုင်းယား အဝါကတ် ထိခဲ့ရင် အရန်သင့် အစားထိုး နိုင်တဲ့ ကစားသမား တွေတော့ ရှိနေပြီး မက်ဂွိုင်းယာ နေရာမှာ ဘိုင်လီ ၊ လုပ်ရှော နေရာ မှာ တဲလက်စ် ၊ ဖာနန်ဒက်စ် နေရာ မှာ ဗန်ဒီဘိခ် တို့ရှိနေ ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှား အနေနဲ့ အဆိုပါ ကစားသမား ၃ ဦးစလုံး ကိုတော့ အသုံးပြုဖွယ် မရှိဘဲ လူစားလဲပြီး အသုံးပြုဖွယ် ရှိနေပါတယ်။