Spots news

ပယ်လီစထရီ ကို အငှားချချင်နေတဲ့ မန်ယူ နဲ့ သတင်းတိုများ

  • Unicode Version

မန်ချက် စတာ ယူနိုက်တက် အသင်းဟာ လူငယ် ကစားသမား ပယ်လီစထရီ အား ကစားချိန်ပေးနိုင်မည့် အသင်းတစ်သင်းသို့ ယခုစျေးကွက်အတွင်း အငှါးချထားလို နေပေမယ့် ဒိုင်ယာလို အား အငှါးချရန် အစီ အစဉ် မရှိကြောင်း သိရပါတယ်။

မန်ချက် စတာ ယူနိုက်တက် နှင့် အငှားစာချုပ်သက်တမ်း ကုန်ဆုံး တော့မည့် နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူး အီဂါလိုအား ခေါ်ယူ ရန် ပရီးမီးယားလိဂ် အသင်းများစွာက စိတ်ဝင်စား နေကြောင်း သူ၏ အေးဂျင့် ဖြစ်သူက ပြောကြား ခဲ့ပါတယ်။

ဒီနှစ် ရာသီမှာ တိုက်စစ်မှူးကြီး အဂူရိုရဲ့ဒဏ်ရာအနေအထား တွေနဲ့ ပွဲမကစား နိုင်မှု တွေ ရှိနေပေမယ့် လည်း မန်စီးတီး နည်းပြကြီး ဂွါဒီယိုလာကတော့ ဇန်နဝါရီမှာ လူဝယ်ဖို့ မရှိဘူးလို့ သိရပါတယ်။

အက်သလက်မှာ အငှားနဲ့ ထွက်ကစား နေတဲ့ အာဆင်နယ် ကွင်းလယ် ကစားသမား တော်ရိုင်းရားကတော့ ပွဲကစားခွင့် နည်းပါးနေမှု ကြောင့် အသင်းပြောင်း ချင်နေပြီး ဗလန်စီယာ အသင်းကို ပြောင်းဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။

စပါးအသင်း ဟာ အသင်းမှာ ခြေစွမ်းပြ နေတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဆွန်ဟောင်မင်းကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆွန်ဟာ စပါးအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

PSG အသင်းက‌တော့ ဒယ်လီအလီကို ခေါ်ယူဖို့ စပါးအသင်း ရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ကစားသမားကလည်း အသင်းကနေ ထွက်ခွါခွင့် တောင်းထားတယ်လို့ သတင်းတွေက အခိုင်အမာဆိုလာ ခဲ့ကြ တာပဲဖြစ်ပါတယ်။