Spots news

ဖူလ်ဟမ် ကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်ခဲ့တဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိူက်တက် အသင်း ကတော့ ပရီးမီးယား လိဂ် အဝေးကွင်း ရှုံးပွဲ မရှိတဲ့ စံချိန်ကို ဆက်ထိန်းသွား ခဲ့ပြီး ဖူလ်ဟမ် ကို အဝေးကွင်း မှာ ၁-၂ ဖြင့် အနိုင် ရရှိခဲ့ ပါတယ်။ အမှတ်ပေးဇယား ကိုပြန်လည် ဦးဆောင် နိုင်ခဲ့ပြီ ဖြစ်ပြီး ချန်ပီယံ လမ်းကြောင်း ပေါ်မှာ ရှိနေခဲ့ ပါတယ်။

ယူနိုက်တက် တိုက်စစ် မှာ ရှပ်ရှ်ဖို့ မပါဝင် ခဲ့ပဲ ကာဗာနီ က အထောင် တိုက်စစ်မှူး အဖြစ် ပွဲထွက် လာခဲ့ပြီး မာရှယ် ၊ ဂရင်းဝုဒ် တို့ကို တစ်ဖက် စီ မှာ ခြံရံလျက် ပွဲထွက် လာခဲ့ပါတယ်။

ပထမပိုင်း အစ မှာပဲ ဖူလ်ဟမ် အသင်းရဲ့ ထင်မှတ် မထား တဲ့ တုံ့ပြန်ကစားမှု တွေကြောင့် အထနှေးတဲ့ ယူနိုက်တက်ကို လွတ်ခ်မန်းက ဖူလ်ဟမ် အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ ပါတယ်။

ဒါပေမယ့် လွတ်ခ်မန်း ရဲ့ ဦးဆောင်ဂိုး ဟာ ကြာကြာ မခံလိုက်ပဲ ဖူလ်ဟမ် ဂိုးသမား အာရီယိုလာရဲ့ ကာကွယ်မှု ကနေ လျှံထွက် လာမှု ကို ယူနိုက်က်တက် တိုက်စစ်မှူး ကာဗာနီ က အပိုင် ပြန်ပိတ်သွင်း ခဲ့ပြီး ယူနိုက်တက် အတွက် ချေပဂိုး ကို ရှာဖွေပေး နိုင်ခဲ့ ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် အတွက် ချေပဂိုး ကို သွင်းယူ ပေးခဲ့တဲ့ ကာဗာနီ ဟာ အသင်း အတွက် ရယူပေး ခဲ့တဲ့ ပရီးမီးယား လိဂ် သွင်းဂိုး ၄ ဂိုးလုံး ကလည်း အဝေးကွင်း မှာ သွင်းယူတဲ့ သွင်းဂိုးတွေဖြစ်လို့ နေပါတယ်။

ကျန်တဲ့ ပွဲချိန် တလျှောက်လုံး ကိုတော့ ဧည့်သည် ယူနိုက်တက် ကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူ ထားပြီး ပွဲကို စိုးမိုးထား ခဲ့ကာ ဖူလ်ဟမ် အနေနဲ့ ရံဖန်ရံခါ မှသာ ကောင်တာ ကစားပုံက တဆင့် ခြိမ်းခြောက်မှု အနည်းငယ် ပြုလုပ်ခွင့် ရခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ယူနိုက်တက်အတွက် အဖိုးတန် အနိုင်ဂိုးကို ပေါလ်ပေါ့ဘာ မှ အဝေးကနေ လှပစွာ သွင်းယူပေး နိုင်ခဲ့ပြိး ၁-၂ ရလဒ် ဖြင့် ပွဲကို ဦးဆောင် စေခဲ့ပါတယ်။

အိမ်ရှင် ဖူလ်ဟမ် ကတော့ အနိုင်ဂိုး ခွင့်ပြုပေးပြီး ခဲ့ရပြီး နောက် ပြန်လည် ချေပ နိုင်ဖို့ အပိုင်အခွင့် အရေး အချို့ ရခဲ့ပေမယ့် ဂိုးကံခေမှု၊ ဒီဂီယာ လက်စွမ်း ပြမှု တို့ကြောင့် သရေ တစ်မှတ် မရရှိ ခဲ့ ပါဘူး။

ဒီနိုင်ပွဲ ကြောင့် ယူနိုက်တက် အနေနဲ့ ကြာရှည် လှပြီ ဖြစ်တဲ့ အဝေးကွင်း ရှုံး ပွဲ မရှိ စံချိန်ကို ဆက်ထိန်းထား နိုင်ခဲ့ပြီး အမှတ်ပေး ဇယား ရဲ့ အဆင့်တစ် နေရာကို ရယူ နိုင်ခဲ့ ပါတယ်။ တနဂ်နွေနေ့မှာ တော့ Fa cup ပြိုင်ပွဲ အဖြစ် ယူနိုက်တက် နဲ့ လီဗာပူး တို့ ယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ်။