Spots news

ဗီလာကို အနိုင်ယူပြီး ချန်ပီယံလောင်းတစ်သင်း အဖြစ် သက်သေပြခဲ့တဲ့ မန်စီးတီး

Unicode Version

နောက်ပိုင်း ပွဲစဉ် တွေမှာ ခြေစွမ်းတွေ ဆက်တိုက် ကောင်းမွန် နေတဲ့ မန်စီးတီး အသင်း နဲ့ နဲ့ ဒီရာသီ ပွဲစဉ် တိုင်း ပုံစံကောင်း တွေ ပြသ ခဲ့ပြီး အသင်းကြီး တွေကို ဒုက္ခပေး လေ့ ရှိတဲ့ ဗီလာတို့ တွေ့ခဲ့ တဲ့ ပွဲစဉ် ဟာ တိုက်စစ် အားသန် အသင်း နှစ်သင်း ပီပီ အပြန်အလှန် ထိုးဖောက်မှု တွေ နဲ့ အတူ ကြည့်ကောင်း ခဲ့ပါတယ်။

အထူး သဖြင့် အိမ်ရှင် မန်စီးတီး အသင်းရဲ့ ကွင်းလယ်လူ တွေဟာ ကမ္ဘာ့ အဆင့် အတန်း မှီတယ်လို့ ပြောရမှာ ဖြစ်ပြီး သူတို့ရဲ့ ရုန်းအား၊ သူတို့ရဲ့ သွင်းဂိုး တွေကြောင့် စီးတီးရဲ့ ချန်ပီယံအိပ်မက် ဟာ လည်း အသက်ဆက် နေတယ်လို့ ဆိုနိုင် ပါတယ်။

ဗီလာ ရဲ့ ဂျက်ဂရီ လစ်ရှ်၊ ထရာအိုရေး တို့ဟာလည်း ဒီနေ့ပွဲမှာ ခြေစွမ်း ကောင်းတွေ ပြသနိုင်ခဲ့ပြီး စီးတီး ခံစစ်ကို ဒုက္ခပေး နိုင်ခဲ့ပေမယ့် စီးတီး နောက်ခံလူ တွေရဲ့ ခြေစွမ်းဟာ ခံစစ် ကစားပုံ ကောင်းမွန် နေတဲ့ အတွက် တစ်ဂိုးမှ မရပဲ ကံဆ်ိုးခဲ့ရ ရှာပါတယ်။

ပွဲချိန်ရဲ့ အများစုကို မန်ချက်စတာ စီးတီး အသင်းက ထိန်းချုပ်ထား သလို တရစပ် ထိုးဖောက် နေခဲ့ ပေမယ့် ဗီလာ ဂိုးသမားနဲ့ ခံစစ်ကောင်းမွန် ခဲ့ပြီး အဆုံးသတ်ပိုင်း လိုအပ်ချက်အနည်းငယ် တွေကြောင့် လည်း မိနစ်၈၀ နားရောက်မှ ဦးဆောင်ဂိုး ရခဲ့တာပါ။

မန်စီးတီး အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၇၉ မိနစ်မှာ ဘာနာဒိုဆေးဗား နဲ့ အချိန်ပိုမှာ ရခဲ့တဲ့ ပင်နယ်တီ က‌‌နေ ဂန်ဒိုဂန် တို့က သွင်းယူ ပေးခဲ့ပြီး စီးတီးကို အနိုင် သေချာ စေခဲ့ ပါတယ်။

ယနေ့ နိုင်ပွဲ ကြောင့် လက်ရှိ ‌ခြေစွမ်း အကောင်းဆုံး ဖြစ်နေတဲ့ စီးတီးဟာ အမှတ်ပေး ဖလား စိန်ခေါ် ပွဲမှာ အခြေအနေ ကောင်းလျက် ရှိဦးမှာ ဖြစ် ပြီး ဇယားထိပ်က ယူနိုက်တက် ကို တပွဲလျော့ အနေအထား နဲ့ ဖိအား ဆက်လက် ပေးထား နိုင်ဦးမှာ လည်း ဖြစ်ပါတယ်။