Unicode Version
အီတလီ စူပါဖလား ပွဲတွင် တစ်ဂိုးသွင်း ခဲ့တဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်လ်ဒို ဟာ နိုင်ငံနှင့် ကလပ် သွင်းဂိုး ၇၆၀ ဂိုး အထိ ရှိလာပြီး
သြစတြီးယား – ချက် ကစားသမား ဆက်ဖ်ဘိုင်ကန် ၏ ၇၅၉ ဂိုး စံချိန်ကို ကျော်ဖြတ် ကာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တိုင်သစ် စိုက်ထူခဲဲ့ ပါတယ်။
မိနစ် ကိုးဆယ် အတွင်း ၁-၁ သရေ ကျခဲ့ပြီး
အချိန်ပိုမှာ ၂- ၁ ရလဒ်နဲ့ နဲ့ အယ်လ်ကိုယာနို ဆိုတဲ့ အသင်း လေးကို ရှုံးနိမ့် ခဲ့တဲ့
ရီးရဲလ် အသင်းဟာ စပိန် ကိုပါဒယ်ရေး ပြိုင်ပွဲကနေ စောစော စီးစီးပဲ ထွက်ခွာလိုက် ရပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ သူတို့ အသင်းရဲ့ ဝါရင့် ဂရိ ခံစစ်မှူး ကြီး ဖြစ်တဲ့ ဆိုကရာတစ် နဲ့ အသင်းကြားမှာ ချုပ်ဆို ထားတဲ့ စာချုပ်ကို ဖျက်သိမ်းပေးခဲ့ ကြောင်း သိရ ပါတယ်။
ဒါ့ကြောင့် ဆိုကရာတစ် အနေနဲ့ ယနေ့မှ စတင်ကာ သူ ပြောင်းရွှေ့ လိုတဲ့ အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ နိုင်တော့ မှာပဲ ဖြစ်ပါတယ်။
ဝုလ်ဗ် အသင်း ဟာ သူတို့ အသင်းနဲ့ သတင်း တွေထွက်ပေါ် နေတဲ့ ဝါရင့် စပိန် တိုက်စစ်မှူး ကြီး ဒီယေဂို ကော်စတာကို ခေါ်ယူသွားဖို့ အတွက် ချဉ်းကပ်မှု တွေရော ကမ်းလှမ်းမှု တွေပါ လုပ်ဆောင် ထားခြင်း မရှိပဲ
သူတို့ အသင်း အမှန်တကယ် အလိုရှိ နေသူက ဆိုစီဒက် အသင်းရဲ့ တိုက်စစ်မှူး ဝီလီယံဟိုဆေး သာဖြစ်ကာ ဒီကစား သမား ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှု တွေလည်း လုပ်ဆောင် နေပြီ လို့ သိရပါတယ်။