Spots news

ထွက်ခွာတော့မည်ဟု သတင်းထွက်နေတဲ့ မာတာကို ယူနိုက်တက် စာချုပ်သစ်တိုးမည်

Unicode Version

အသင်းဟောင်း ဗလန်စီယာ က စိတ်ဝင်စားမှု ရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား မာတာကတော့ ယူနိုက်တက် နဲ့ စာချုပ်သက်တမ်း တိုး၍ အသင်းမှာပဲ ဆက်ရှိနေဖွယ် ရာရှိ ပါတယ်။

ယူနိုက်တက်နဲ့ မာတာတို့ နောက်ဆုံးအကြိမ် စာချုပ် သက်တမ်း တိုးစဉ်က တစ်နှစ်ထပ်တိုး စာချုပ် ချုပ်ဆိုခွင့် ပါရှိနေပြီး ယူနိုက်တက် အနေနဲ့ မာတာကို ထပ်တိုး ချုပ်ဆို သွားမည် ဖြစ်ပါတယ်။

အသက် ၃၂ အ ရွယ် မာတာ ဟာ ယူနိုက်တက် နဲ့ ရာသီ ကုန် မှာ စာချုပ် ကုန်ဆုံး မှာ ဖြစ် ပါတယ်။ မာတာ ရဲ့ စာချုပ် ဟာ ပီးခဲ့တဲ့ ရာသီ မှာ ကတည်း က ကုန်ဆုံး ခဲ့တာ ဖြစ် ပေမယ့် ယူနိုက်တက် က မာတာကို တစ်ရာသီ စာချုပ် သက်တန်း တိုးခဲ့တာ ဖြစ် ပါတယ်။

မာတာ ဟာ ပြီးခဲ့တဲ့ ရာသီ မှာ ယူနိုက်တက်အတွက် ပရီးမီးယား လိဂ် ပွဲစဉ် ၁၉ ပွဲ သာ ပါဝင်ကစား ခဲ့ရ သလို ဒီရာသီ မှာလဲ ယူနိုက်တက်အတွက် ပရီးမီးယား လိဂ် ပြိုင်ပွဲ

တစ်ပွဲ မှ ပါဝင်ကစား ထား ရခြင်း မရှိပဲ ပြိုင်ပွဲ စုံ မှာလည်း ၁၀ ပွဲ သာ ပါဝင်ခဲ့ ရတာ ကြောင့် မာတာ အနေနဲ့ အသင်း က နေ ထွက်ခွာ ဖွယ် ရာ ရှိ ကြောင်း သတင်း ထွက်ပေါ်ခဲ့ ပါတယ်။

သို့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ဝါရင့် ကွင်းလယ် တိုက်စစ် ကစားသမား မာတာ ကို စာချုပ်ပါ အချက် အလက် ကို အသုံးပြုပြီး တစ်နှစ် သက်တမ်း တိုးသွားဖို့ ပြင်ဆင်နေ ကြောင်း နည်းပြ ဆိုးလ်ရှားက အရိတ်အမြွတ် ပြောကြား သွား ခဲ့ပါတယ်။

ဆိုးလ်ရှားက “မာတာ လို အရည်အသွေးရှိတဲ့ ကစားသမား တစ်ဦး အတွက် ဆုံးဖြတ် ရတာ အရမ်း ခက်ခဲ ပါတယ်။ ဂိုးတွေလဲ သွင်း ယူနိုင်သလို ဒီနှစ် ဘောလုံး ရာသီမှ ာသူ့ ဘက်က ဂိုးပါဝင် ပတ်သတ်မှု တွေ ရှိထားပါတယ်။ သူ့နေရာမှာ တခြား ကစား သမားတွေ ရှိနေပေမယ့် သူ့ကိုထွက်ခွာခွင့် ပေးဖို့က ခက်ခဲ ပါတယ်။

“ မာတာက တခြား ကစားသမား တွေနဲ့လဲ ပေါင်းစပ် ကစား ပေးနိုင် တဲ့အတွက် ကျွန်တော် အမြဲ စောင့်ကြည့် နေပြီး ခက်ခဲတဲ့ အချိန်တွေရောက်တိုင်း သူနဲ့လည်း ဆွေးနွေးမှု တွေလုပ် ဖူးပါတယ်။ သူ့ရဲ့ စာချုပ်မှာလဲ တစ်နှစ် သက်တမ်းတိုး ခွင့် ပါဝင် ပါသေးတယ် ” ဟု ပြောကြား သွား ခဲ့ ပါတယ်။

Zawgyi Version







