Unicode Version
မန်ချက်စတာ ယူနိူက်တက် အသင်း ကတော့ ပရီးမီးယား လိဂ် အဝေးကွင်း ရှုံးပွဲ မရှိတဲ့ စံချိန်ကို ဆက်ထိန်းသွား ခဲ့ပြီး ဖူလ်ဟမ် ကို အဝေးကွင်း မှာ ၁-၂ ဖြင့် အနိုင် ရရှိခဲ့ ပါတယ်။ အမှတ်ပေးဇယား ကိုပြန်လည် ဦးဆောင် နိုင်ခဲ့ပြီ ဖြစ်ပြီး ချန်ပီယံ လမ်းကြောင်း ပေါ်မှာ ရှိနေခဲ့ ပါတယ်။
ယူနိုက်တက် ဟာ အဝေးကွင်း ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်ထိန်း ထားနိုင်ခဲ့သလို ဒီပွဲမှာ ယူနိုက်တက် အတွက် ချေပဂိုး ကို သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီ ဟာလဲ
ယူနိုက်တက် အတွက် လိဂ် သွင်း ဂိုး ၄ ဂိုး ရှိ သွားပြီ ဖြစ်ပြီး ပရီးမီးယား လိဂ် သွင်းဂိုး ၄ ဂိုးလုံး ကလည်း အဝေးကွင်း မှာ သွင်းယူတဲ့ သွင်းဂိုးတွေ ဖြစ်လို့ နေ ပါတယ်။
ခရစ်စတီ ယာနို ရော်နယ်ဒို ရီးရဲလ် မက်ဒရစ် သို့ ပြောင်းရွေ့ သွားပြီး နောက်ပိုင်း ယူနိုက်တက် ရဲ့ မှော်ဝင် ကျောနံပါတ် ၇ ဟာ
ကျိန်စာ သင့်နေသလိုဖြစ် နေခဲ့တဲ့ မှတ်တမ်းကို ယခု ရာသီအပြောင်း အရွေ့ကမှ ရောက်ရှိ လာတဲ့ ကာဗာနီက ချေဖျက် ပြသွား ခဲ့ပါတယ်။
နာမည်ကြီး ထိပ်တန်း ကစားသမား တွေဟာ မူလ အသင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ နံပါတ် ၇ ကိုဝတ်ဆင်ပြီး
ဂိုးသွင်း နိုင်စွမ်း ကျဆင်း သွားသလို ယူနိုက်တက် ရဲ့ နံပါတ် ၇ နဲ့ မထိုက်တန်ကြောင်း များစွာ ဝေဖန် ခံခဲ့ ကြရ ပါတယ်။
ဝါရင့် တိုက်စစ်မှူး ကာဗာနီကတော့ ယူနိုက်တက်ကို ရောက်ရောက် ချင်း လစ်လပ် နေတဲ့ ကျော်နံပါတ် ၇ ကို ဝတ်ဆင်ခဲ့ ပါတယ်။
လက်ရှိ သူ့ရဲ့ ပရီးမီးယား လိဂ် သွင်းဂိုး ၄ ဂိုးလုံးကို အဝေးကွင်းမှာ သွင်းယူခဲ့ တာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အသင်း သမိုင်း တစ်လျှောက်
အဖွင့် ၄ ဂိုးကို အဝေးကွင်း တွေမှာချည်း သွင်းခဲ့တဲ့ တစ်ဦးတည်းသော ကစား သမား အဖြစ် မှတ်တမ်း ဝင်ခဲ့ ပါတယ်။
ဒါ့အပြင် ယူနိုက်တက်မှာ ကျောနံပါတ် 7ဝတ်ဆင်ပြီး ကစား သမားခဲ့တဲ့ နောက်ဆုံး လေးယောက်ထဲမှာ ပွဲထွက်ကစားအဖြစ် (၁၂)ပွဲသာကစားရ ချိန်မှာ သွင်းဂိုးအများဆုံးရယူနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ် တစ်ဂိုးသွင်း နိုင်ရင် မိုက်ကယ် အိုဝင်ရဲ့ ၃၁ ပွဲ (၅ဂိုး) ကိုလဲ လိုက်မှီသွားမှာပါ။ယူနိုက်တက်ရဲ့ ရော်နယ်ဒို ခေတ်လွန် နံပါတ် ၇ များ ရဲ့မှတ် တမ်း
မိုက်ကယ် အိုဝင် – ၃၁ ပွဲ (၅ဂိုး) ၊ ဗလန်စီယာ – ၃၀ ပွဲ (၁ဂိုး) ၊ ဒီမာရီယာ – ၂၇ ပွဲ (၃ ဂိုး) ၊ ဒီပိုင်း – ၃၃ ပွဲ (၂ ဂိုး) ၊ ဆန်းချက်ဇ် – ၃၂ ပွဲ (၃ ဂိုး) ၊ ကာဗာနီ – ၁၂ ပွဲ (၄ ဂိုး)