Spots news

မန်ယူ နဲ့ အာဆင်နယ် ရဲ့ ပစ်မှတ် ရီးရဲလ်ကစားသမား‌လေး အိုဒီဂတ်

Unicode Version

အဂ်လန် ပရီးမီးယားလိဂ် အသင်းကြီး နှစ်သင်း ဖြစ် တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ဟာ ပုံမှန် ပွဲ ထွက်ခွင့် မရရှိလို့

ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ နော်ဝေ လူငယ် ကြယ်ပွင့် အိုဒီဂတ်ကို ခေါ်ယူ ရန် ပြင် ဆင် နေကြောင်း သိရပါတယ်။

အသက် ၂၂ အရွယ် ပဲရှိ သေးတဲ့ နော်ဝေ ကွင်းလယ်ကစသမား အိုဒီဂတ်ဟာ ၁၆ နှစ်အရွယ် ထဲက ဥရောပရဲ့ တိုးတက်လာမယ့် လူငယ်ကစားသမား အဖြစ် သတ်မှတ် ခံရသူ ဖြစ်ပြီး

ရီးရဲလ် မက်ဒရစ် သို့ ၂၀၁၇ ခုနှစ် ကတည်းက ရောက်ရှိ ခဲ့ပေမယ့် လက်ရှိ အချိန်ထိ အရန်ကစားသမား အဖြစ်သာ ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာလဲ ဆိုဆီဒက် သို့ အငှား သွားရောက် ကစားခဲ့ပြီး စပိန် လာလီဂါ ရဲ့ စောင့်ကြည့်ရမယ့် လူငယ် ကစားသမား အဖြစ်နာမည်ကျော် ခဲ့ပေမယ့် ရီးရဲလ် သို့ပြန်ရောက်ချိန်မှာတော့ ပွဲထွက် ခွင့် မရရှိပဲ အရန် ခုံမှာသာ ရှိနေ ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အိုဒီဂတ် ဟာ လာလီဂါ ၇ ပွဲသာ ကစားရသေးပြီး ၃ ပွဲသာ ပွဲထွက် ကစားရ‌ တဲ့ အတွက် ဒီလအတွင်း အသင်းက ထွက်ခွာ ဖို့တောင်းဆို ထားပြီး အာဆင်နယ် အသင်းဟာ အိုဇေးလ် ရဲ့ နေရာကို အစားထိုးဖို့ အိုဒီဂတ်ကို ကာလတို အငှား + အပြီးသတ် ခေါ်ယူ ခွင့်နဲ့ ကမ်းလှမ်းမှု ပြူလုပ်မှာပဲ ဖြစ်ပါတယ်။

နော်ဝေးသား မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုလ်းရှားကလဲ နော်ဝေသား နှစ်ဦး ဖြစ်တဲ့ ဟာလန်း နဲ့ အိုဒီဂတ် ကို ပစ်မှတ်ထား နေပြီး အိုဒီဂတ် ကို အငှား ဖြင့် မဟုတ်ပဲ အပြီးသတ် ခေါ်ယူလို နေတာ ဖြစ်ပါတယ်။

ရီးရဲလ် ကသာ ရောင်းချမယ် ဆိုပါက မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အိုဒီဂတ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဖြင့် ခေါ်ယူမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။