Spots news

စာချုပ် အဆင်မပြေနေတဲ့ ဒန်နီအင့်စ် ကိုအပြိုင်လိုချင်နေတဲ့ မန်ယူ နဲ့ စပါး

Unicode Version

ဆောက်သမ်တန် နဲ့ စာချုပ် သက်တမ်းတိုးမှု အဆင်မပြေ ဖြစ်နေပြီး ထိပ်တန်း အသင်း တစ်သင်းဆီ ပြောင်းရွေ့ဖို့ ရည်ရွယ်နေတဲ့ တိုက်စစ် ကစားသမား ဒန်နီအင့်စ် ကို

ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပရီးမီးယား လိဂ် အသင်းကြီး နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းတို့က စိတ်ဝင်စား နေကြောင်း သိရပါတယ်။

အသက်(၂၈)နှစ် အရွှယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစား သမား ဒန်နီအင့်စ်ဟာ ဆောက်သမ်တန် အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်ပြီး

ဒီနှစ် ဘောလုံး ရာသီ အတွင်း အသင်း အတွက် ပရီးမီးယား လိဂ် သွင်းဂိုး (၇) ဂိုး သွင်းယူ နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာ လည်း (၂၂) ဂိုး အထိကို သွင်းယူ နိုင်ခဲ့ ပါတယ်။

ဒါပေမယ့် ဒန်နီအင့်စ် ဟာ လာမယ့်၂၀၂၂ ခုနှစ်မှာ သူရဲ့စာချုပ် သက်တမ်းက ကုန်ဆုံး တော့မှာဖြစ် လို့ အသင်းဘက် ကနေ

စာချုပ် သစ် ကိစ္စကို စတင် လုပ်ဆောင် နေခဲ့ ပေမယ့် လည်း သက်တမ်း တိုးဖို့က အဆင်မပြေ ဖြစ် နေရပြီး ကစားသမား ကိုယ်တိုင် ကလည်း

ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်ကို ရောက်နေ ချိန်မှာ ထိပ်တန်း အသင်း တစ်သင်းဆီကို ပြောင်းရွှေ့ ကစား ချင် နေပါတယ်။

အထောင် တိုက်စစ်မှူး ရှာဖွေ နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒန်နီအင့်စ် အနေနဲ့ အသင်းက ထွက် ခွာ လိုပါက မန်ချက်စတာ ယူနိုက်တက် က ကမ်းလှမ်းမည် ဖြစ်ကြောင်း

The Athletic သတင်းဌာန က ဖော်ပြခဲ့သလို မန်စီးတီး အသင်းကလဲ ခေါ်ယူ လိုကြောင်း ကောလဟာလ ထွက်ပေါ် ခဲ့ပါ သေးတယ်။

တော့တင်ဟမ် အသင်း ကတော့ တိုက်စစ်ပိုင်းနေရာ အတွက် အင့်စ်ကို ခေါ်ယူဖို့ မျက်စိကျ နေတာ ဖြစ်ပြီး နွေရာသီမှာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

အင့်စ်ရဲ့ လက်ရှိ ဆောက်သမ်တန် နဲ့ စာချုပ် သက်တမ်း က ၁၈ လ သာ ကျန်ရှိ တော့တာ ဖြစ်ပြီး စာချုပ်သစ် မချုပ် နိုင်ရင် အခု နွေရာသီ မှာ ရောင်းချ ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။