Spots news

ဘာစီလိုနာ အခက်တွေ့နေချိန်မှာ ဂါစီယာ ကို ကြားဖြတ်ခေါ်မယ့် ပီအက်စ်ဂျီ

Unicode Version

ဒီနှစ် ဘောလုံးရာသီ အကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် စပိန်နောက်ခံ ကစားသမားလေး အဲရစ်ဂါဆီယာ ဟာ

သူရဲ့ကလပ် အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ဆီကို ဒီဆောင်းစျေးကွက် အတွင်းမှာပဲ ပြန်လည် ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့ ပါတယ်။

သို့ပေမယ့် ဘာစီလိုနာရဲ့ဥက္ကဌသစ် ရွေးချယ်တင်မြှောက် မယ့် အစီအစဉ် ရွေ့ဆိုင်း လိုက်ရတာနဲ့ ပတ်သက်ပြီး ဂါဆီယာရဲ့ အပြောင်း အရွှေ့ အပြီးသတ် နိုင်ဖို့ပါ ကြန့်ကြာ နေခဲ့ရတဲ့ အတွက်

ဒီ အခြေ အနေတွေ ကို ပီအက်စ်ဂျီ အသင်း ကနေ အသုံးချ သွားဖို့ ပြင်ဆင် နေတယ်လို့ စပိန်နာမည်ကျော် သတင်းစာ Mundo Deportivo ကနေ ဖော်ပြ လာခဲ့ ပါတယ်။

ဘာစီလိုနာ အသင်း ဟာ သူတို့ရဲ့ လာမာစီယာအကယ်ဒမီ ထွက် နောက်ခံ ကစားသမား ဂါဆီယာ ကို ပြီးခဲ့တဲ့ နွေစျေးကွက် ကတည်းက ခေါ်ယူဖို့

ကြိုးပမ်းခဲ့ ပေမယ့်လည်း အခုချိန် ထိကို အောင်မြင်မှု မရှိသေးတဲ့ အပြင် ဥက္ကဌသစ်အပြောင်းအလဲ ကလည်း ဖြစ်ပေါ် လာခြင်းမရှိသေး တာကြောင့်

ဂါဆီယာ ကို သူရဲ့စာချုပ် သက်တမ်း ကုန်ုဆုံးချိန် မှသာ ခေါ်ယူ သွားဖို့ ပြောင်းလဲ ဆုံးဖြတ်လာခဲ့ ပါတယ်။

ဒီလို အခြေအနေ ရှိနေတဲ့ ဂါဆီယာ ကို နည်းပြပိုချက်တီနို ရဲ့ ပီအက်စ်ဂျီ အသင်း ကနေ စောင့်ကြည့်လျက် ရှိနေပြီး အခု ဆောင်းစျေးကွက်အတွင်း မှာ ဂါဆီယာကို ကမ်းလှမ်း သွားဖို့ ရှိနေပါတယ်။

နည်းပြ ဂွာဒီယိုလာ လက်အောက်မှာ ပွဲကစားခွင့်တွေ တဖြည်းဖြည်း ရလာခဲ့တဲ့ ဂါဆီယာ ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ ရပေမယ့်

သူရဲ့စာချုပ် သက်တမ်း က သိပ်ပြီး မကျန်ရှိတော့ပဲ အသင်းနဲ့ လက်တွဲဖြုတ် ရဖို့က နီးစပ်နေချိန် မှာတော့ အသင်းဘက် ကနေ ကမ်းလှမ်းလာတဲ့

စာချုပ် သက်တမ်း တိုးဖို့ ကမ်းလှမ်းချက် တွေ ပယ်ချခဲ့ပြီး အသင်းနဲ့ လမ်းခွဲဖို့ ကိုပဲ ဆုံးဖြတ်ချက် ချခဲ့ ပါတယ်။

ဂါဆီယာ ကို အခု ဆောင်းစျေးကွက် အတွင်း မှာပဲ မူလ တန်ကြေး ထက် ထက်ဝက် လောက်နဲ့ ကို ခေါ်ယူနိုင် မှာ ဖြစ်လို့ ကလပ် အသင်း များစွာ ကနေ ပစ်မှတ် ထားလို့ နေပြီး

ဂါဆီယာ ကိုယ်တိုင် ကတော့ သူရဲ့အသင်းဟောင်း ဆီကို ပြောင်းရွှေ့ချင် နေတာ ဖြစ်ပါတယ်။

သို့ပေမယ့် လတ်တလော အနေအထား တွေ အရ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ ခက်ခဲ နေပြီး ဒီအခြေအနေ ကို ပီအက်စ်ဂျီ ဘက် ကနေ အကောင်းဆုံး အသုံးချ သွားနိုင်ဖို့ စီစဉ်လို့ နေပါတယ်။