Unicode Version
ယူနိုက်တက် ရဲ့ အထောင် တိုက်စစ်မှူး ရှာဖွေနေတဲ့ အထဲမှာ ဒန်နီအင့်စ် လည်း ပါဝင် လာခဲ့ပြီး သူသာ ဆောက်သမ်တန် အသင်းကနေ ထွက်ခွာချင်ပါက ယူနိုက်တက် တို့က ကမ်းလှမ်းဖို့ ရှိနေတယ်လို့ The Athletic က ဖော်ပြခဲ့ ပါတယ်။
ဒန်နီအင့်စ် ကို မန်ချက်စတာ စီးတီး နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ကလည်း ခေါ်ယူဖို့ ချိတ်ဆက် နေပါ သေးတယ် ။
မန်စီးတီး တိုက်စစ်မှူး အဂူရို က မိမိအနေ နဲ့ ကိုရိုနာ ဗိုင်းရပ်စ် ပိုး ကူးစက်ခံ ထားရတယ် လို့ အတည်ပြု ခဲ့ပြီး နေအိမ်မှာ ဆရာဝန် တွေရဲ့လမ်းညွန်ချက် တွေနဲ့ အညီ နေထိုင်နေ တယ်လို့ ဆို ပါတယ်။
”နောက်ဆုံး စမ်းသပ်မှု တွေ အရ ကျွန်တော် ကူးစက်ခံ ထားရတယ် လို့ သိရပြီး ရောဂါ လက္ခဏာတချို့လည်း ခံစား နေရပါတယ်”လို့ အဂူရိုက ပြော ပါတယ်။
ရီးရဲလ် ကွင်းလယ်လူ အိုဒီဂတ် ကို အာဆင်နယ်အသင်းက အငှား နဲ့ခေါ်ယူဖို့ အလိုရှိ နေပါတယ်။
ကစားသမား ကလည်း ရီးရဲလ် မက်ဒရစ် အသင်းမှ ပွဲထွက်ခွင့် မရလို့ အငှား ပြောင်းရွှေ့ဖို့ စီစဉ် နေတာလည်း ဖြစ်ပါတယ်။
သူကို့ ခေါ်ယူဖို့ တခြား ဆိုစီဒက် နဲ့ အေဂျက်အသင်း တို့ကလည်း စိတ်ဝင်စား နေလို့ ကစားသမား ဟာ ဘယ်အသင်း ပြောင်းရမလဲ စဉ်းစား နေပါတယ်။
ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေ ကတော့ လမ်းပတ်ကို စိတ်ရှည်မှု တွေ ကုန်ဆုံး လာခဲ့ပြီး တကယ်လို့ ရာသီ အကုန်မှာ သာ ထိပ်ဆုံး ၄ သင်း မဝင်ပါက ထုတ်ပယ်ဖွယ် ရှိ နေပါတယ်။
စပေါ့တ်မေးလ် သတင်းဌာန က ဇန်နဝါရီလ ၅ ရက် နေ့တုန်းက လမ်းပတ် တစ်ယောက် နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့် ထားပေမယ့် လည်း ချဲလ်ဆီး တာဝန်ရှိသူ တွေက နည်းပြအပြောင်းအလဲ လုပ်ဖို့ မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။