Spots news

ဘန်လေကြောင့် အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး မန်ယူနဲ့ ခြောက်မှတ်ကွာသွားတဲ့ လီဗာပူး

Unicode Version

ပရီးမီးယား လိဂ် မှာ အိမ်ကွင်း ၆၈ ပွဲ အထိ ကို ရှုံးပွဲ မရှိထား ခဲ့တဲ့ လီဗာပူးအသင်း ကတော့ မမျှော်လင့်ပဲ ဒီရာသီ အဝေးကွင် စွမ်းရည် သာမာန် လောက် သာ ရှိတဲ့ ဘန်လေကို ရှုံးနိမ့်ပြီး အိမ်ကွင်း ရှံးပွဲမရှိ စံချိန် ကျိုးပျက် ခဲ့ရ ပါတယ်။

ဘန်လေ အသင်း ဟာလည်း ဒီနှစ် ဘောလုံး ရာသီ အတွင်း ပထမဆုံး ရရှိခဲ့တဲ့ ပင်နယ်တီ ကန်ချက် ကနေ လီဗာပူး လို ၃ နှစ် ကျော်နီးပါး အိမ်ကွင်းရှုံးပွဲ မရှိ ထားတဲ့ အသင်းကြီး ကို

အန်ဖီးလ်မှာ အနိုင် ယူနိုင် ခဲ့ တဲ့ အပြင် ဒါဟာ ၄၁ နှစ် အတွင်း ဘန်လေအသင်း ဟာ အန်ဖီးလ်မှာ လီဗာပူးကို ပထမဆုံး အကြိမ် အနိုင်ရရှိခဲ့တာ လဲ ဖြစ် ပါတယ်။

လီဗာပူး နည်းပြ ယာဂန် ကလော့ပ် အနေ နဲ့ FA ဖလားပွဲစဉ် အဖြစ် မန်ယူ နဲ့ ကစားဖို့ ရှိတာကြောင့် အဓိက တိုက်စစ် ကစားသမား တွေဖြစ်တဲ့

ဆာလာ နဲ့ ဖေမီနို တို့ကို ပွဲထွက် စာရင်းမှာ အသုံး မပြုခဲ့ပဲ တိုက်စစ်မှာ မာနေး ၊ အော်ရီဂီနဲ့ ချိန်ဘာလိန် တို့ နဲ့ ပွဲထွက် လာခဲ့ ပါတယ်။

ဘန်လေ အသင်း ကတော့ သူတို့ အားသန်ရာ တန်ပြန် တိုက်စစ် တွေ၊ အမြင့်ဘော တွေကနေထိုးဖောက် ခဲ့ပြီး ဂိုးရ ဖို့လည်း နီးစပ်ခဲ့ ပါတယ်။ ဒါပေမဲ့ လီဗာပူး ဂိုးသမား အယ်လစ်ဆန် ကာကွယ် နိုင်ခဲ့တယ် ။

လီဗာပူး ကွင်း လယ်မှာ သီယာဂို နဲ့ ဝိုင်နယ်လ်ဒမ်း တို့က ပုံစံကောင်းပြ နိုင်ခဲ့ပေမဲ့ ရှာကီရီ ကတော့ ဘောလုံး အပျက်များပြီး အသင်းဖော် တွေ နဲ့ ချိတ်ဆက် ရာမှာလည်း အားနည်းချက်တွေ ရှိခဲ့ပါတယ်။

ဒုတိယပိုင်း မှာ ဖေမီနိုနဲ့ ဆာလာ ကို ထည့်သွင်း ခဲ့ပေမဲ့ လည်း ဘန်လေ ခံစစ်ကို မကျော်ဖြတ် နိုင်ခဲ့ပါဘူး။ ဘန်လေ ကတော့ ခံစစ်ကို စနစ် တကျပိတ်ဆို့ ကစားခဲ့ပြီး မက်နေး၊ အက်ရှ်လေဘန်း တို့ရဲ့ အားနဲ့ တန်ပြန် တိုက်စစ် စတင်ဖို့ ကြိုးစားခဲ့တယ်။

မိနစ် ၈၀ ဝန်းကျင်မှာ မထင်မှတ်တဲ့ အနေ အထား ကနေ အယ်လစ်ဆန် ရဲ့ ဖျက်ထုတ်မှုကြောင့် ဘန်လေ အသင်း ပယ်နယ်တီ ရခဲ့ပြီး ဒီပယ်နယ်တီ ကို အက်ရှ်လေဘန်း က အမှားအယွင်းမရှိ ကန်သွင်း ယူခဲ့ တယ်။

ဒီရလဒ် ကြောင့် လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်း ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲကို ကြုံတွေ့  သွားခဲ့ ရပါတယ်။ဒါ ဟာ လီဗာပူးအသင်း အတွက်

ပရီးမီးယား လိဂ် ၄ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံး ခဲ့ရပြီး နည်းပြ ယာဂန် ကလော့ပ် အနေနဲ့လည်း ၂၀၀၆ ခုနှစ်က မိန့်ဇ်ကို ကိုင်တွယ်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် မှတ်တမ်းဆိုး ရရှိခဲ့ ပါတယ်။