Unicode Version
ထရာအိုရေး ကို ခေါ်ယူဖို့ လီဗာပူး အသင်း စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ်နေခဲ့ တာ
ရက်အနည်းငယ် ကြာခဲ့ပြီ ဖြစ်ပေမယ့်
လီဗာပူး အသင်း အနေနဲ့ လက်ရှိအချိန်မှာ သတင်းကောင်းတစ်ခု ရရှိခဲ့ပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စာချုပ်ကျန်ရှိတော့တဲ့ ထရာအိုရေးဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေတာကြောင့်
လာမည့် အပြောင်းအရွေ့မှာ ပေါင် ၃၅ သန်း ခန့်ရလျှင် ဝုဗ် အသင်းအနေနဲ့ ကစားသမားကို ရောင်းချမည် ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ် နောက်ခံလူ အူပါမီကာနိုကို အရခေါ်ယူရေးအတွက် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ဘိုင်ယန်ဟာပြင်သစ်သားကို အရခေါ်ယူရေးအတွက် ပြိုင်ဘက်တွေကို နောက်ကောက်ချပြီး အစွမ်းကုန် ကြိုးစားသွားဖို့ စီစဉ်နေပါတယ်။
အူပါမီကာနိုရဲ့ စာချုပ်မှာ လာမယ့် နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၂သန်းနဲ့ ခေါ်ယူနိုင်တဲ့ သဘောတူညီချက် ပါဝင်နေပါတယ်။
အလာဘာ မရှိတော့တဲ့ ခံစစ်အတွက် ဘိုင်ယန်က အူပါမီကာနိုအား ဈေးကြီးပေးပြီး ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ကြောင်း ဂျာမန်သတင်းဌာန Bildက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လူငယ်တောင်ပံကစားသမားလေး ဖာကန်ဒို ပယ်လီစထရီ ကို ယခုလအတွင်းမှာတင် အငှားချဖို့ စီစဉ်နေကြောင်း သိရပါတယ်။
၁၉နှစ်သားဟာ နွေရာသီတုန်းက ယူနိုက်တက်ကို ရောက်လာခဲ့ပြီးနောက် အသင်းကြီးမှာ ၁ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးပဲ ယူ-၂၃နဲ့ ယူ-၂၁အသင်းတွေမှာသာ ပွဲထွက်ခွင့် ရနေပါတယ်။
မကြာသေးခင်မှ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ ပယ်လီစထရီဟာ လူငယ်အသင်းတွေအတွက်တော့ ၃ဂိုး သွင်းယူပေးထားခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ကတော့ စီနီယာအသသင်းကြီးမှာ နေရာပေးဖို့အတွက် အတွေ့အကြုံ အရင်ယူစေဖို့ စီစဉ်ထားပြီး ယခုနှစ်ရာသီဝက်ကို အငှားချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။