Spots news

ဖီနာဘာချီ အဆင်ပြေဖို့ လစာ ၈၀ ရာခိုင်နှုန်း လျော့ယူမယ့် အိုဇေလ်း

Unicode Version

အာဆင်နယ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ အိုဇေးလ် ဟာ နည်း ပြအာတီတာ လက်အောက်မှာ ပွဲထွက် ကစားခွင့် ပျောက်ဆုံး နေခြင်းကြောင့်

ကျန်ရှိ နေတဲ့ စာချုပ်သက်တမ်း ၆ လကို ဖျက်သိမ်း ပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့ ပါတယ်။

အိုဇေးလ်  ဟာ အာဆင်နယ် အသင်းအတွက် ၂၀၂၀ မတ်လ က တည်း က ပွဲထွက် ခွင့် မရ ရှိတော့ တာ ဖြစ်ပြီး

ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ် အစ ရှိတဲ့ အဓိက ပြိုင်ပွဲကြီးတွေ ရဲ့ အသင်း လူစာရင်းမှာ တောင် မပါတော့ တဲ့ အထိ ဖြစ်သွား ခဲ့ပါတယ်။

ငယ်စဉ် ကတည်းက အားပေးလာတဲ့ ဖီနာဘာချီ အသင်းကို ပြောင်းရွေ့ သွားခဲ့တဲ့ အိုဇေးလ် ဟာ တူရကီ ကလပ် ဖီနာဘာချီ အသင်းနဲ့ ၃ နှစ် ခွဲ စာချုပ် ချုပ်ဆို မှာ ဖြစ်ပြီး

ငွေကြေး အခက် အခဲ ရှိနေတဲ့ ဖီနာဘာချီ အသင်း အဆင်ပြေစေဖို့ အတွက် အိုဇေးလ်ဟာ သူရဲ့လုပ်လလစာကို ပေါင် ၆၇၀၀၀ အထိသာ ရယူသွားမယ်လို့ သိရှိရပါတယ်။

ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ဟာ လုပ်ခ လစာ မြင့်မား တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ စံချိန်တင် တစ်ပတ် လုပ်ခ

ပေါင် ၃၅၀၀၀၀ အထိ ရရှိခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ရဲ့ လစာအများ ဆုံး ကစားသမား ထဲက တစ်ဦး ဖြစ်သူပါ။

အိုဇေးလ်ဟာ အာဆင်နယ် အနေနဲ့ သူ့ကို ပေးချေရမယ့် လစာ အချို့ ကို ‌လျှော်ပစ်ခဲ့ ပြီး လက်ရှိ သူပြောင်းရွေ့ ခဲ့တဲ့ ဖီနာဘာချီ ကတော့ အာဆင်နယ်မှာ အိုဇေးရရှိနေတဲ့ လုပ်ခ လစာ အတိုင်း ပေးချေသွားဖို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ အပြင်

ကိုဗစ်ဂယက် ကြောင့်လည်း အသင်းရဲ့ဘဏ္ဍာရေး အခြေအနေက သိပ်ခိုင်မာမှု မရှိတာကြောင့် အာဆင်နယ် မှာ ရယူ နိုင်ခဲ့တဲ့ လစာမျိုးထက် ၈၀% လောက် အထိကို လျော့ယူ ပေးခဲ့ တာ ဖြစ်ပါတယ်။