Spots news

လူငယ်ကြယ်ပွင့် စမစ်ရိုဝီကို လစာတိုးပြီး စာချုပ်သစ် ကမ်းလှမ်းမယ့် အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ အသင်းမှာ ခြေစွမ်းပြနေတဲ့ အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားလေး စမစ်ရိုဝီကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ကစားသမားလေးရဲ့စွမ်းဆောင်ရည်ကြောင့် အခြားအသင်းတွေ ကမ်းလှမ်းလာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လစာငွေလည်း တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်တဲ့ စမစ်ရိုဝီ ဟာ မကြာသေးခင် ရက်သတ္တပတ် အနည်းငယ်လောက်ကမှ အာဆင်နယ် အသင်းအတွက် ပွဲထွက်

ကစားခွင့်ရရှိခဲ့တဲ့ ကစားသမားဖြစ်ပေမယ့်လည်း အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်သူ စမစ်ရိုဝီဟာ အာဆင်နယ် နည်းပြအာတီတာ ရဲ့ လက်အောက် ပထမအသင်းကြီး မှာ

ပွဲထွက်ခွင့်ရပြီးတဲ့နောက် အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်းအနေနဲ့ စမစ်ရိုဝီ ကို စာချုပ်သစ် ချုပ်ဆိုဖို့ရာအတွက် ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူဟာ ပရီးမီးယားလိဂ်မှာ ၃ ဂိုးဖန်တီးပေးထားပြီး အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ အာဆင်နယ်အသင်းကလည်း သူ ပါဝင်ကစားချိန်ကစပြီး ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။

လက်ရှိမှာ စမစ်ရိုဝီဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းက ၂ နှစ်ခွဲကျန်နေသေးပေမယ့် အာဆင်နယ်အသင်းက စာချုပ်သစ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ သူဟာ တစ်ပတ်ကို ပေါင် ၄ သောင်းလောက် ရရှိသွားမှာဖြစ်သလို ကာလရှည်စာချုပ်လည်းဖြစ်တယ်လို့သိရပါတယ်။

အခြားတစ်ဖက်မှာတော့ စမစ်ရိုဝီကလည်း အာဆင်နယ်မှာ ပျော်ရွှင်နေတာကြောင့် သိပ်မကြာခင်မှာ သဘောတူညီမှုရရှိသွားဖို့ရှိနေတာပဲဖြစ်ပါတယ်။