Unicode Version
တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်း လယ် ကစား သမား ဂျက်ဆီ လင်ဂတ် ကို ခေါ် ယူ ရန်
စိတ် ဝင်စား နေ ကြောင်း သတင်းများက ဖော်ပြ လာပါတယ်။နည်းပြ ဆိုလ်းရှားက ကစားသမားကို ရောင်းချ မည် မဟုတ်ကြောင်
း ပြောဆိုထားပေမယ့် လင်ဂတ် ကတော့ ပွဲထွက်ခွင့် အလိုရှိနေတာ ဖြစ်လို့ ထွက်ခွာလို လျက် ရှိနေပါတယ်။
နည်းပြ မော်ရင်ဟို အနေ နဲ့ ဂျက်ဆီ နဲ့ ပြန် လက်တွဲ ရန် အလို ရှိနေ ပြီး စပါး အသင်း က ကွင်းလယ် ကစား သမား အချို့ ကို
လက် လွတ် ရဖွယ် ရှိနေ တာ ဖြစ်လို့ ပွဲထွက် ကစား ခွင့် ပျောက် ဆုံး နေတဲ့ လင်ဂတ် ကို ကမ်း လှမ်း ရန် ပြင်ဆင် နေတာပါ ။
လင်ဂတ် အနေ ဖြင့်လဲ ဝှိုက်ဟတ်လိန်း သို့ ပြောင်းရွှေ့ ဖြစ်ခဲ့ ပါက ဆရာဟောင်း ဖြစ်သူ မော်ရင်ဟို နှင့်
ပြန်လည် လက်တွဲ ခွင့် ရရှိမည် ဖြစ် ပါတယ် ။လင်ဂတ် ဟာ မော်ရင်ဟို ၏ လက်အောက် ၂၀၁၇ ခုနှစ် ၌ လိဂ်ဖလား နှင့်
ယူရိုပါလိဂ် ဖလားတို့ကို ရရှိ ခဲ့ပြီး သူ၏ ခြေစွမ်း အပြနိုင်ဆုံး ရာသီအဖြစ် တစ်ရာသီ အတွင်း ၁၃ ဂိုး သွင်းပြခဲ့ ပါတယ်။
ဂျက်ဆီ လင်ဂတ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုး ထား တာ မ ကြာ သေးပေ မယ့် ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ တော့
၃ ပွဲ သာ ပါဝင် ကစား ထားရ သေးပြီး လိဂ် ပွဲ လုံးဝ မ ပါဝင် ထားနိုင် ပဲ ကာရာဘောင် နဲ့ အက်ဖ်အေ နှစ်ခု ပဲ ပါဝင် ကစား ရသေး ပါတယ် ။
လင်ဂတ် ကို ပရီးမီးယား လိဂ် ကလပ် အသင်း များစွာ က နေ အငှား နဲ့ ခေါ်ယူ ဖို့ အတွက် စိတ် ဝင်စား နေကြ သလို လတ် တလော မှာ လည်း
အင်တာ မီလန် အသင်း နဲ့ ပြင်သစ် လီဂူး ကလပ် နိုက်စ် တို့ က ပါ လင်ဂတ် ကို ရာသီ ဝက် အငှား + အပြီးသတ် ခေါ်ယူ ခွင့် နဲ့ ကမ်း လှမ်း ဖို့ ဆွေး နွေး နေ ပါတယ် ။