Spots news

ဘိုင်ယန်လူငယ် မူဆီယာလာကို ချိန်ရွယ်နေတဲ့ မန်ယူ ၊ မန်စီးတီး နဲ့ လီဗာပူး

Unicode Version

မန်ချက် စတာ ယူနိုက်တက် ၊ မန်စီးတီး နှင့် လီဗာပူး တို့ဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အသက် 17 နှစ် အရွယ်ရှိ လူငယ် ကစားသမား ဂျမယ် မူဆီယာလာ ကို အနီးကပ် စောင့်ကြည့်လျက် ရှိ‌ကြောင်း သိရပါတယ် ။

ဘိုင်ယန်မြူးနစ် နှင့် မူဆီယာလာ တို့၏ စာချုပ်သက်တမ်း တိုးရေး ဆွေးနွေးမှု ဟာ ယခုအထိ အောင်မြင်ခြင်း မရှိသေးပဲ ကစားသမားက အသင်းမှ ထွက်ခွာ ဖွယ် ရှိနေပါတယ်။

မူဆီယာလာ ဟာ ချဲလ်ဆီး အကယ်ဒမီထွက်ကစားသမား တစ်ဦး ဖြစ်ပြီး 2019 တွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် သို့ ပြောင်းရွှေ့ခဲ့ သူပါ ။

ဘိုင်ယန်ဟာ  လက်ရှိ အချိန်တွင် တစ်ပတ်လျှင် ပေါင် 100000 ဝန်းကျင် ဖြင့် မူဆီယာလာ ကို စာချုပ် သက်တမ်း တိုးရန် ညှိနှိုင်း နေသော်လည်း ဆွေးနွေးမှု တိုးတက်ခြင်း မရှိ ဖြစ်နေပါတယ်။

ယခုနှစ် ဘောလုံး ရာသီတွင် ပထမ အသင်းကြီး ၌ 21 ကြိမ် ပါဝင် ကစား ထားသော်လည်း အင်္ဂလန် ယူ-21 လက်ရွေးစင် မူဆီယာလာ ဟာ လူငယ် ကစားသမား တစ်ဦး ရရှိသည့် လစာမျိုးသာ ယခု အချိန်ထိ ရရှိနေပြီး

ထို စာချုပ် သက်တမ်း မှာလည်း 18 လ သာကျန်ရှိ ပါတော့တယ်။ ဘိုင်ယန် အနေဖြင့် စာချုပ်သစ်မချုပ်ဆို နိုင်ပါက မူဆီယာလာ ဟာ ပရီးမီးယားလိဂ်သို့ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိ တာပါ

ဘိုင်ယန်နည်းပြ ဖလစ်က ပါရမီ ရှိသော တောင်ပံကစားသမား မူဆီယာလာ ကို များစွာမျှော်လင့်ချက် ထား နေပြီး ဖလစ်ဟာ အက်သလက်တီကို နှင့် ပြီးခဲ့သော ဒီဇင်ဘာက

ကစားခဲ့ သော ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဝေးကွင်း ပွဲတွင် မူဆီယာလာ ကို ပွဲထွက်ကစားသမား အဖြစ် အသုံးပြု ခဲ့ပြီး ၎င်းကလည်း အကောင်းဆုံး ကစား ပြနိုင် ခဲ့ ပါတယ်

“ကျွန်တော် မူဆီယာလာ ကို အများကြီ ဂရုစိုက်ပါတယ်။ သူဟာ အသင်းမှာ တန်ဖိုးထား ခံရတဲ့ကစားသမား တစ်ဦးပါ။ သူ့မှာ နည်းစနစ်အရည် အသွေး ကောင်းသလို၊ ဘောလုံး အထိန်းအသိမ်း လည်း ကောင်းပါတယ်။

တစ်ယောက် ချင်း တွေ့ ရင်လည်း မူဆီယာနာ ကို တားဆီးဖို့ ခက် ပါတယ်။ သူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး တိုးတက်ဖို့ လိုပေမယ့် ကျွန်တော် ကတော့ သူ့ရဲ့ ခြေစွမ်း ကို နှစ်သက်ပါတယ်” ဟု ဖလစ်က မူဆီယာလာ နှင့် ပတ်သက်ပြီး ပြောကြား ခဲ့ ပါတယ်။