Unicode Version
မန်ယူအသင်း ကွင်းလယ်လူ ပေါ့ဘာက ဝါရင့်တိုက်စစ်မှူး ကာဗာနီရဲ့ စွမ်းရည်ကို ချီးကျူးစကား ဆိုလိုက်ပြီး ရက်ရ်ှဖို့ဒ်၊ မာရှယ် တို့မှာမရှိတဲ့
အရည်အသွေး နဲ့ အတွေ့အကြုံ ကို ယူလာပေးပြီး ယူနိုက်တက် တိုက်စစ်မှူး များ အတုယူ သင့်ကြောင်း ပြောလိုက် ပါတယ်။
ကာဗာနီ ဟာ ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပေါ့ဘာကလည်း အနိုင် ဂိုးကို ရယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ဖာနန်ဒက်စ် ရဲ့ဖြတ်တင်ဘော ကို ဖူလ်ဟမ် ဂိုးသမား အေရီအိုလာ ပုတ်ထုတ်ရာ ကတစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ကာဗာနီက ချိန်သားကိုက် ပိတ်သွင်းနိုင် ခဲ့တာ ဖြစ်ပါတယ်။
အခုဆို ရင် ဥရုဂွေးလက်ရွေးစင်ဖြစ်တဲ့ ကာဗာနီဟာမန်ယူ အတွက် ပရီးမီးယားလိဂ် ၁၂ ပွဲပါဝင်ကစားပြီး ၄ ဂိုးသွင်းယူ ထားနိုင် ပါတယ်။
သူ့ ဂိုးတွေထဲမှာ နိုဝင်ဘာလ တုန်းက ဆောက်သမ်တန် ကို ၂-၀ နဲ့ရှုံးပြီးမှ ပြန်အနိုင်ရ တဲ့ပွဲ မှာလူစားဝင် လာပြီး သွင်းယူခဲ့တဲ့ အရေးပါတဲ့ ၂ ဂိုးလည်း အပါအဝင် ဖြစ်ပါတယ်။
ပေါ့ဘာက “ကာဗာနီ ဟာ ထိပ်တန်း တိုက်စစ်မှူး ဆိုတာ အားလုံး သိပြီးသားပါ။ သူ့လို ပုံစံမျိုးကစားနိုင် တဲ့သူ အနည်းငယ် ဘဲရှိ ပါတယ်။
အဲဒီထဲကမှ ကျွန်တော်တို့က တစ်ယောက်ကို ရ ထားတာပါ။ သူသွင်း ရတဲ့ ဂိုးတွေဟာ ခက် ခဲတာချည်း ပါဘဲ။
ကျွန်တော်တို့မှာ မာရှယ်၊ ရက်ရ်ှဖို့ဒ် နဲ့ ဂရင်းဝုဒ် တို့လို အရည်အသွေး ကောင်းမွန်တဲ့ လူငယ်တွေရှိ နေပြီး ဂိုးဧရိယာ အပြင်ကရော အတွင်းကနေပါ ကန်သွင်းနိုင်စွမ်း ရှိကြပါတယ်။
ဒါပေမယ့် သူတို့ဆီ မှာ ကာဗာနီ လိုမျိုး အတွေ့ အကြုံ နဲ့ အရည်အသွေး ပိုင်း မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော် တို့ဟာ တိုက်စစ်ပိုင်း မှာ ရှိတဲ့
ကစားသမား အချင်းချင်း ပြီးပြည့်စုံ စေဖို့ အားထုတ်ရ ပါတယ်။ ကာဗာနီ ဟာ သူ့ရဲ့အဆင့် အတန်း ကို ဒီပွဲ မှာလည်း ပြသ သွားခဲ့ တာပါ။
ဂိုးရဖို့ လိုအပ်ခဲ့ ချိန်မှာ သူက ချိန်သားကိုက်လှုပ်ရှားမှု နဲ့ အတူ အချိန်ကောင်းမှာ သွင်းယူပေးခဲ့ တာပါ။
ဒါကြောင့်လည်း သူ့ဂိုးဟာ အသင်း အနိုင်ရဖို့အတွက် အကူအညီ ဖြစ်စေခဲ့ ပါတယ်” လို့ပြော သွား ပါတယ်။