Spots news

လတ်စတာက စိတ်ဝင်စားနေတဲ့ အဲရစ်ဆင် နဲ့ နောက်ဆုံးရ သတင်းတိုများ

Unicode Version

အက်စတွန် ဗီလာ အသင်းနဲ့ ပွဲစဥ်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းဟာ ၄ ပါတ်မှ ၆ ပါတ်အထိ အနားယူရ နိုင်ဖွယ် ရှိတယ်လို့ နည်းပြ ဂွာဒီယိုလာက အတည်ပြု သွားခဲ့လိုက် ပါတယ် ။

အာဆင်နယ်အသင်းဟာ အသင်းမှာခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်လေး စမစ်ရိုဝီကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ကြိုးစားလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ ကစားသမားလေးကို တစ်ပတ်လုပ်ခ ၄ သောင်းအထိ တိုးမြှင့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ရလဒ်ဆိုးတွေ ရရှိနေပေမယ့်လည်း လီဗာပူးအသင်းနည်းပြ ကလော့ပ်ကတော့ အပြောင်းအရွှေ့စျေးကွက်မှာ လူခေါ်ဖို့ မစဉ်းစားသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် သူက ဘန်လေကို ရှုံးပွဲအတွက် သူ့ကိုပဲ အပြစ်တင်ရမယ်လို့ ဆိုခဲ့ပါတယ်။

လက်စတာအသင်းဟာ အင်တာအသင်းမှာ နေရာမရဖြစ်နေတဲ့ စပါးအသင်းကစားသမားဟောင်း အဲရစ်ဆင်ကိုခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဝုဗ်လ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား အဒမာထရာအိုရေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားအပေါ် လိဒ်ကလည်း စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။

မန်ယူအသင်းကနေ ထွက်ခွါဖို့ သေချာသလောက်ရှိနေတဲ့ မားကိုစ့်ရိုဂျိုကတော့ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြလာခဲ့ကြပြီပဲဖြစ်ပါတယ်