Spots news

အူကျ ရောဂါကြောင့် ရက်အနည်းငယ် နားရမည့် ဗာဒီ နဲ့ သတင်းတိုများ

Unicode Version

လက်စတာ တိုက်စစ်မှူး ဗာဒီသည် အူကျ ရောဂါဝေဒနာကို အသေးစား ခွဲစိတ်မှု ခံယူခဲ့ခြင်းကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမည် ဖြစ်ကြောင်း အသင်း နည်းပြ ရော်ဂျာက ပြောကြားခဲ့ ပါတယ်။

တော့တင်ဟမ် ကွင်းလယ်လူ ဒယ်လီ အလီဟာ ယခုလ အတွင်း ပီအက်စ်ဂျီကို ပြောင်းရွှေ့ခွင့်ရနိုင်တဲ့ အပေါ် မပိတ်ပင်ဖို့ ဥက္ကဌ  ဒန်နီရယ် လီဗိုင်းကို တောင်းဆို ထားကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ် ပိုချက်တီနိုကို ခန့်အပ်ခဲ့ပြီးနောက် အယ်လီကို ခေါ်ယူရေး အရှိန်မြင့် ကြိုးပမ်းလာ နေပြီပဲ ဖြစ်ပါတယ်။။

အာဆင်နယ် နည်းပြ မီကယ် အာတီတာက ဘယ်နောက်ခံလူ ကီရန် တီယာနေးရဲ့ အရန်လူ နေရာအတွက် ကစားသမား ၁ဦး ရှာဖွေနေကြောင်း အတည်ပြုခဲ့ ပါတယ်။

တီယာနေးဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် စွမ်းဆောင်ရည် အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲ ပါဝင်ပေပေမဲ့ သူ့နေရာမှာ ဝင်ကစားမယ့် အရန်လူ အာဆင်နယ်မှာ ရှိမနေခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ကိုရိုနာ ကပ်ရောဂါရဲ့ ရိုက်ခတ်မှု တွေကြောင့် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း၅၀ ဝန်းကျင်ထိ လျော့ချနိုင်တဲ့ အခြေအနေမှာ ပရီးမီးယားလိဂ်

ထိပ်သီး ကလပ်တွေ အတွက်တော့ အားထက်စရာ ဖြစ်ခဲ့ပါတယ်။ ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ မန်စီးတီး၊ လီဗာပူး၊ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

Zawgyi Version



ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ် ပိုချက်တီနိုကို ခန့်အပခ်ခဲ့ပြီးနောက် အယ်လီကို ခေါ်ယူရေး အရှိန်မြင့် ကြိုးပမ်းလာ နေပြီပဲ ဖြစ်ပါတယ်။။



