Spots news

မန်ယူ နဲ့ ပွဲအထိ လွဲချော်နိုင်ချေ ရှိတဲ့ ဒီဘရိုင်းရဲ့ ဒဏ်ရာ

Unicode Version

အက်စတွန် ဗီလာ အသင်းနဲ့ ပွဲစဥ်မှာ ကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းဟာ ၄ ပါတ်မှ ၆ ပါတ်အထိ အနားယူရ နိုင်ဖွယ် ရှိတယ် လို့ နည်းပြ ဂွာဒီယိုလာက အတည်ပြု သွားခဲ့လိုက် ပါတယ် ။

ဒီဘရိုင်း အနေနဲ့ အရေးကြီး ပွဲစဉ်များစွာ လွဲချော် မှာ ဖြစ်ပြီး စနေနေ့မှာ လိဂ်-၂ ကလပ် ချယ်လ်တင်ဟမ်နဲ့ ကစားရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်ကနေ စတင်ပြီး

အများဆုံး ၉ပွဲအထိ လွဲချော်ရနိုင်ပြီး အဲဒီထဲမှာ လီဗာပူး နဲ့ ကစားရမယ့် အဝေးကွင်း ပွဲနဲ့ ဂလာဘတ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့ ပွဲ တွေ အထိ ပါဝင်နေပါတယ်။

ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာနိုင်တဲ့ ယူနိုက်တက် နဲ့ ပွဲမှာ ပါ၀င်နိုင်ဖို့ ကြိုးစားရဖွယ် ရှိနေပြီး မတ်လ ၆ ရက် နေ့မှာ ကစားရမှ ာဖြစ်ပါတယ်။

ဒီဘရိုင်း မပါဝင်တဲ့ စီးတီး အနေနဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမှာ ခက်ခဲမှာ ဖြစ်ပြီး မန်စီးတီးဆေး အဖွဲ့ ကတော့ ဒီဘရိုင်း ကို အလားတူ ဒဏ်ရာမျိုးထပ်မရ စေရေး အတွက် အ စောတလျင် ပြန် ကစားတာ မျိုးကို ခွင့်မပြု ဘူးလို့ ဆိုပါတယ်။

မန်စီးတီး အသင်း အတွက် ဒီဘရိုင်း ဒဏ်ရာရရှိတာဟာ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်ပြီး နည်းပြ ဂွာဒီယိုလာ ကတော့ ချန်ပီယံပြေးလမ်း ပေါ်က ပြသနာ တစ်ခု အတွက် အကောင်းဆုံး အဖြေ ရှာသွားမည် ဖြစ်ကြောင်း ပြော ခဲ့ပါတယ်။

“ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရ မှာပါ ။ ဒါဟာ။ကျွန်တော်တို့ အတွက်တော့ ဒီဘရိုင်း ဒဏ်ရာရ သွားတာက ကြီးမားတဲ့ ထိုးနှက်ချက် ပါပဲ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှေ့ဆက် လျှောက်ရမှာပါ။သူ့အတွက်ရော ကျွန်တော်တို့ အတွက်ပါ ကံမကောင်းတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်  ပြေးလမ်း ပေါ်က ပြသနာကို ကျွန်တော်တို့ ဘက်က အဖြေရှာရမှာ ဖြစ်ပါတယ်”လို့ ဂွါဒီယိုလာက ပြော ဆိုခဲ့ပါတယ်။