Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင်ကို အသင်းရဲ့ အရံအင်အား ဆုံးရှုံးဖွယ် ရှိနေတဲ့အတွက် ကမ်းလှမ်းမှု
ပြုလုပ်ရန် စိတ်ဝင်စား နေပါတယ်။ အသင်းဟောင်း စိတ်ဝင်စား နေတဲ့ မာတာ နဲ့ လင်ဂတ် တို့ဟာ ဇန်နဝါရီမှာ အသင်းက ထွက် ခွာဖွယ် ရှိနေတာပါ။
အဲရစ်ဆင်ဟာ ဒီရာသီအင်တာမီလန်အသင်းနည်းပြ ကွန်တီလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
စပါး အသင်းက အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ယူနိုက်တက် ကလဲ ဒိန်းမတ်သားကို အပြောင်းအရွှေ့မပိတ်ခင်မှာ ကမ်းလှမ်းဖို့ ပြင်ဆင်လာတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုက ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အင်တာအတွက် စဉ်းစားစရာတစ်ခုတော့ ဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲရစ်ဆင်ကို အငှားနဲ့သာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်မပါတာကြောင့် အငှားသက်တမ်းပြည့်ပါက အင်တာကို ပြန်ရဖွယ်ရှိနေပါတယ်။
အင်္ဂလန်သားကတော့ ဒီရာသီယူနိုက်တက်မှာ ၃ ပွဲပဲ ပါဝင်ကစားခွင့် ရရှိထားခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အသင်းကိုပြောင်းချင်နေပါတယ်။
ESPN သတင်းဌာနကတော့ ယူနိုက်တက်ဟာ စာချုပ် သက်တမ်းကုန်ဆုံးတော့မယ့် မာတာနဲ့ စပါးနဲ့ အပြောင်းအရွေ့ ဖြစ်ဖို့ များနေတဲ့ လင်ဂတ်တို့ နေရာမှာ အစားထိုးချင်နေတာပါ
ယူနိုက်တက်ဟာ ရိုမီယူ နဲ့ ရိုဂျိုတို့ကို အသင်းကနေထွက်ခွာဖို့ ခွင့်ပြုထားတာကြောင့် လင်ဂတ်ကိုတော့ ဆက်ထိန်းချင်နေ ပေမယ့်
လင်ဂတ်ဟာ ပုံမှန် ပွဲထွက် ခွင့် အလိုရှိနေတာ ဖြစ်ပြီး လင်ဂတ်ကို စပါး ၊ ဝက်စ်ဟမ်း ၊ ရှက်ဖီးလ်ယူနိုက်တက် ၊ အင်တာ နဲ့ ပေါ်တို တို့နဲ့ စိတ်ဝင်စားနေ တာဖြစ်ပါတယ်။
Zawgyi Version