Spots news

ဆိုလ်းရှား လက်ထက်မှာ သိသိသာသာ ခြေစွမ်းပြလာတဲ့ သရဲနီ နှစ်ဦး ကို အီယန်ရိုက် ချီးကျုး

Unicode Version

အာဆင်နယ် အသင်း ဂန္ဓဝင် ကစားသမား ဟောင်း အီယန်ရိုက် ကတော့ နည်းပြ ဆိုလ်းရှား လက်ထက်မှာ ခြေစွမ်း ကောင်း တွေသိသိ သာသာ ပြသ လာခဲ့တဲ့

ဘိုင်လီ နဲ့ လုရှော ကို ချီးကျူး လိုက်ပြီး နည်းပြ ဆိုလ်းရှားရဲ့ အရည်အချင်း ကြောင့် ဟု ပြောဆို လိုက်ပါတယ်။

နည်းပြ ဆိုလ်းရှား တရားဝင် နည်းပြ အဖြစ် တယဝန် ယူခဲ့ပြီးနောက်ပိုင်း ယူနိုက်တက် ခံစစ်ဟာ သိသိ သာသာ ကောင်းမွန် လာခဲ့တာ ဖြစ်ပြီး ဘိုင်လီ နဲ့ လုရှော တို့ဟာ ‌

ခြေစွမ်း သိသိ သာသာ ပြသခဲ့ပြီး ပုံမှန် ခြေစွမ်း ကို ထိန်းထား နိုင်ခဲ့ကြ ပါတယ်။ ယခုရာသီ မှာလဲ  ယူနိုက်တက် ဟာ အမှတ်ပေး ဇယား အဆင့် ၁ မှာ ရပ်တည်နေပါတယ်။

နည်းပြ မော်ရင်ဟို လက်ထက်မှာ နေရာရဖို့ ရုန်းကန် ခဲ့ရပြီး ဒဏ်ရာ ပြသနာ တွေနဲ့သာ ရင်ဆိုင် နေရတဲ့ ရှော နဲ့ ဘိုင်လီ တို့ဟာ

ယခု ယူနိုက်တက် ရဲ့ အောင်မြင်မှု မှာ အဓိက ကစားသမား များ အဖြစ် ခြေစွမ်းပြ နေခဲ့ကြ ပါတယ်။

ပွဲစဉ်တွေရဲ့ အကောင်းဆုံး ကစားသမား ဆုတွေ ကိုယ်ဆီ ရကြ သလို ယူနိုက်တက် ခံစစ် ဟာလဲ နောက်ဆုံး ၅ ပွဲမှာ ၂ ဂိုးသာ ပေးထား ခဲ့ရပါတယ်။

အီယန်ရိုက် ကတော့ လက်ရှိ ခြေစွမ်းကို အနည်းငယ်သာ ပိုကောင်းခဲ့ ရင် ယူနိုက်တက်တို့   ချန်ပီယံ ဖြစ်နိုင် ကြောင်း ဆိုလိုက်ပြီး

ရှော နဲ့ ဘိုင်လီ တို့ကို ခြေစွမ်းပြသ စေခဲ့တဲ့ နည်းပြ ဆိုလ်းရှားရဲ့ အရည်အချင်းကို ချီးကျူး ခဲ့ပါတယ်။

“ အခုဆိုရင် ဆိုးလ်ရှား လက်ထက်မှာ ထိပ်တန်း ကစားသမား တွေ ပုံစံကောင်း ပြန်လည် ပြသလာနိုင်ပြီ ။

ဒါအပြင် ခံစစ်ကိုလည်း ခင်ဗျားတို့ သတိထားကြည့်  ယူနိုက်တက်ရဲ့ ခံစစ်ဟာ အရင် ကထက် ပိုပြီး ကျစ်လစ် လာပြီ။ လုရှောဆိုရင် သူ့ရဲ့ ပုံစံကောင်း တွေကို ပြန်လည် ပြသ ထားနိုင်ပြီ။

ဘိုင်လီ ဆိုရင်လည်း ဒဏ်ရာ ပြဿနာတွေ ကနေ ရုန်းထွက် လာနိုင်ပြီး အသင်းမှာ အ ရေးပါတဲ့  ကစားသမား ဖြစ်လာ နေပြီ။

မော်ရင်ဟို လက်ထက် မှာတောင် ဒါမျိုး မလုပ်ပြ နိုင် ခဲ့ဘူး။ နည်းပြ ဆိုလ်းရှားရဲ့ ကစားသမား စီမံခန့်ခွဲမှု အပိုင်းကို ကျွန်တော် ကတော့ အထင်ကြီးစရာလို့ မြင်တယ်။

ပွဲတစ်ပွဲ ကို အနောက် ကနေ လိုက် ကစားပြီး အနိုင်ယူ ဖို့ ကြိုးစား နေတဲ့ ပုံစံ ကိုသာ ပြင်လိုက်ရင် ဒီရာသီ ချန်ပီယံ ဆုဖလားက သူတို့အတွက်ဖြစ်လာပါ လိမ့်မယ်” လို့ အီယန်ရိုက်က သုံးသပ် ပြောဆို ခဲ့ပါတယ်။