Spots news

စပါး နဲ့ လီဗာပူးရဲ့ နွေရာသီပစ်မှတ် နီကိုလာ ဘာရယ်လာ တန်ဖိုး မြင့်နိုင်

Unicode Version

ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေဖြစ်တဲ့ လီဗာပူး နဲ့ စပါး တို့ ကတော့ လက်ရှိ စီးရီးအေမှာ ခြေစွမ်း ပြသနေတဲ့ အင်တာမီလန် နဲ့ အီတလီ ကွင်းလယ် ကစားသမား နီကိုလာ ဘာရယ်လာ ကို ခေါ်ယူ ဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။ လီဗာပူး နဲ့ စပါး တို့ဟာ ကွင်းလယ်အင်အား ဖြည့်မှု ပိုမို လုပ်ဆောင်မှာ ဖြည်ကြောင်း ပြောဆိုထား ပြီး လာမည့် နွေရာသီမှာပဲ ကစားသမား ကို ကမ်းလှမ်းဖွယ် ရှိပါတယ်။

အီတလီလက်ရွေးစင် ကွင်းလယ်လူ ဘာရယ်လာကို အင်တာမီလန် အသင်းက ၂၀၁၉ ခုနှစ်မှာ ကာဂလီယာရီ အသင်းကနေ အငှား ခေါ်ယူ ခဲ့တာ ဖြစ်ပြီး အငှားစာချုပ်ကုန်ဆုံးချိန်မှာတော့ အပြီးသတ် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဘာရယ်လာဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြသနိုင်လျက်ရှိပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ (၂၅)ပွဲ ပါဝင်ကစားပြီး (၂)ဂိုးသွင်းယူနိုင်ခဲ့ကာ (၈)ဂိုးအထိကို ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကစားသမားကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလို့နေကြတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ လီဗာပူး နဲ့ စပါးတို့်လို ပရီးမီးယားလိဂ်အသင်းတွေပါ ပါဝင်လာခဲ့ပါတယ်။

အီတလီနာမည်ကျော် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Calcio Mercato ရဲ့ ဖော်ပြချက်တွေအရ ဘာရယ်လာကို လီဗာပူးအသင်းဘက်က စိတ်ဝင်စားလျက်ရှိနေပြီး တိုက်စစ်ပိုင်းအတွက် ဖန်တီးမှုတွေ အားနည်းလျက်ရှိနေတဲ့ လီဗာပူး က ဘာရယ်လာလို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟိုဆေးမော်ရင်ဟိုရဲ့ စပါးအသင်းကလည်း အသင်းရဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့အတွက် သွင်းဂိုးဖန်တီးမှုတွေကို လုပ်ဆောင်ပေးနိုင်မယ့် ဘာရယ်လာလို ဖန်တီး နိုင်မှု ကောင်းမွန်လှတဲ့ ကွင်းလယ်လူတစ်ယောက်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန်အသင်းဘက်ကတော့ ဘာရယ်လာလို အသင်းရဲ့ အဓိကကြယ်ပွင့်တစ်ယောက်ကို ရောင်းချသွားဖို့ ဆန္ဒမရှိတဲ့အပြင် ဘာရယ်လာရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်အထိကို ရှိနေသေးတာဖြစ်လို့ အင်တာအနေနဲ့ ဘာရယ်လာရဲ့ ပြောင်းရွှေ့ကြေးကို မြင့်မားစွာ သတ်မှတ်လာနိုင်ပါတယ်။