Unicode Version
အသင်းခေါင်းဆောင် ရာမို့စ် ရဲ့ အနာဂတ် မသေချာမရေရာ မှုကြောင့် ဖီယင်နုအသင်းက အာဂျင်တီးနား ခံစစ်မှူး မားကို့စ်စီနက်စ်ဆီ ကို ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
ရီးရဲလ် မက်ဒရစ် အနေနဲ့ လာမည့်ရာသီမှာ ခံစစ် အင်အား ဖြည့်တင်းဖို့ လိုအပ်မှာ ဖြစ်ပြီး အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ရာမိုစ့် ၊ မာဆယ်လို တို့က အသင်းမှ ထွက်ခွာဖွယ် ရှိနေတာပါ။
ရီးရဲလ်အနေနဲ့ စီနက်စ်ဆီကို ခေါ်ယူမယ်ဆိုရင်တော့ အေစီမီလန်၊ နာပိုလီနဲ့ အတ္တလန္တာအသင်းတို့နဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိနေပြီး
ဖီယင်နုအနေနဲ့တော့ ခံစစ်ပိုင်းလိုအပ်ချက်တွေကြောင့် အသင်းရဲ့ အဓိက ခံစစ်မှူးတစ်ယောက်ကို ဇန်နဝါရီကာလလို ကြားကာလကြီးထဲမှာ ရောင်းဖို့ဝန်လေးမှာ သေချာပါတယ်။
နယ်သာလန်ကလပ်ဘက်က စီနက်စ်ဆီရဲ့ လက်ရှိစာချုပ်ကို ၂၀၂၅ အထိ သက်တမ်းတိုးဖို့တောင် ပြင်ဆင်နေပြီး စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို ၃၅ သန်းကနေ ယူရိုသန်း ၅၀ အထိ တိုးမြှင့်ဖို့ကိုလည်း ပြင်ဆင်နေပါတယ်။
သို့ပေမယ့် ယူရို သန်း ၅၀ ဆိုရင်တောင်မှ ရီးရဲလ်အတွက် အခက်အခဲမရှိတာကြောင့် အသင်းနဲ့သာ သင့်တော်မယ်ဆိုရင် ရီးရဲလ်က ငွေရေးကြေးရေးကို မကြည့်ပဲ ခေါ်လေ့ရှိပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်က အလွတ်နဲ့ ထွက်ခွာလာမယ့် ဒေးဗစ်အလာဘာကို ခေါ်ယူနိုင်တော့မယ်ဆိုတဲ့
သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် စီနက်စ်ဆီ ဟာ နည်းစနစ်ကျွမ်းကျင်သူ ဖြစ်ပြီး ခံစစ်မှာလဲ နေရာစုံ ကစားနိုင်သူ ဖြစ်ပါတယ်။
ထို့ကြောင့် ရီးရဲလ်ခံစစ်မှာ ရာဖေးလ်ဗာရာနီနဲ့အတူ ကောင်းမွန်တဲ့ခံစစ်အတွဲဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အများဆုံး ယူရို ၃၅ သန်းကနေ
ယူရိုသန်း ၅၀ အထိသာ ပေးရမှာဖြစ်တာကြောင့် စီနက်စ်ဆီဟာ ရီးရဲလ်မက်ဒရစ်အတွက် အရမ်းကို သင့်တော်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။